DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် မီးရှူးမီးပန်းဂိုထောင် ပေါက်ကွဲပြီး အနည်းဆုံး ၃၄ ဦး ထိခိုက်ဒဏ်ရာရ
DVB
·
August 22, 2025
ပါကစ္စတန် မီးရှူးမီးပန်းဂိုထောင် ပေါက်ကွဲပြီး အနည်းဆုံး ၃၄ ဦး ထိခိုက်ဒဏ်ရာရ
Donate to DVB

ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့တော် ကရာချိရှိ မီးရှူးမီးပန်း ဂိုထောင်တခုမှာ သြဂုတ် ၂၁ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၄ ယောက် ဒဏ်ရာရရှိခဲ့ကာ ဒေသခံတွေအကြား အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဒ်ဟီ ကယ်ဆယ်‌ရေးတာဝန်ခံ မိုဟမ်မဒ်အာမီးန်က  “M.A. ဂျင်နားလမ်းမှာ မီးရှူးမီးပန်းဆိုင်တဆိုင် ပေါက်ကွဲခဲ့ပြီး မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ လူ ၂၅ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပြီး ဂျင်နားဆေးရုံနဲ့ မြို့ပြဆေးရုံတွေကို ပို့ဆောင်ထားပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ဆက်လုပ်နေပါတယ်” လို့ ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဂိုထောင်နဲ့ အနီးနားရှိ ဈေးဆိုင်တချို့ မီးလောင်ခဲ့ပြီး အသေးစား ပေါက်ကွဲမှုတွေလည်း အများအပြား ရှိခဲ့တာကြောင့် ဒေသခံတွေကို ဘေးကင်းစေဖို့အတွက် ဆိပ်ကမ်းမြို့ရဲ့ လူစည်ကားတဲ့ လမ်းမတွေပေါ် ထွက်ပြေးခိုင်းခဲ့ပါတယ်။

မီးသတ်သမားတွေ မီးငြှိမ်းသတ်နေချိန်မှာ အထပ်ပေါင်းများစွာမြင့်တဲ့ အဆောက်အအုံကနေ မီးခိုးတွေ ထွက်လာတယ်လို့ ပြည်တွင်း သတင်းချန်နယ်တွေမှာ ပြသထားပါတယ်။ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းအပေါ် သက်သေအချက်အလက် မရှိခဲ့ပါဘူး။

ပေါက်ကွဲမှုရဲ့ သက်ရောက်မှုက အနီးနားရှိ ဈေးဆိုင်တွေမှာ မှန်တွေ ကွဲကြေသွားလောက်အောင် ပြင်းထန်ခဲ့ပြီး လမ်းပေါ်ရှိ လူတွေကို ဖန်ကွဲစတွေ လွင့်စင်ထိခိုက်ခဲ့ပါတယ်။

ဒဏ်ရာရသူ ၃၄ ယောက်ထက်မနည်းကို ဆေးရုံတင်ထားရကြောင်း ရဲအရာရှိ ဆူမီးယားတာရိခ်က ပြောကြားပြီး သူတို့ထဲက ၄ ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေ ရှိနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013