DVB Logo
Home
မြန်မာသတင်း
တပ်ပြေးပါက မိသားစုအထိ အရေးယူမည်ဟု MNDAA သတိပေး
DVB
·
August 22, 2025
တပ်ပြေးပါက မိသားစုအထိ အရေးယူမည်ဟု MNDAA သတိပေး
Donate to DVB

မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က တပ်ကနေ ထွက်ပြေးပါက မိသားစုအထိ အရေးယူမှာဖြစ်ကြောင်း ဩဂုတ် ၁၈ ရက်က ထုတ်ပြန် အသိပေးထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“တပ်ပြေး ပြးသွားရင် တလအတွင်း မိသားစုတွေအနေနဲ့ MNDAA တပ်ထဲ ပြန်သွားဖို့ တိုက်တွန်းရမယ်။ တပ်ထဲ ပြန်မလာရင် မသန်စွမ်းသူ မိသားစုဝင်ကလွဲလို့ အစားထိုးပေးရမယ်” လို့ ဒေသခံ အမျိုးသားတယောက်က အပြာပါတယ်။

သတ်မှတ်ထားတဲ့ရက် ရောက်မလာရင် လယ်၊ ယာ၊ ခြံမြေ သိမ်းမယ်လို့ ‌ပြောတယ်လို့ သူက ပြောပါတယ်။ 

ဒေသခံတယောက်က “စစ်သားတွေ စုပဲ စုဆောင်းနေပြီးတော့ စုဆောင်းခံရသူ ထွက်ပြေးသွားရင် မိသားစုကိုပဲ လာ ဒုက္ခပေးနေတာ” လို့ ပြောပါတယ်။

သိန္နီမြို့နယ်မှာတော့ ဒေသခံ ရှမ်းလူမျိုးတွေပါ MNDAA တပ်သားစုဆောင်း ခံနေရပြီး ဂိတ်တွေမှာတောင် ရှမ်းတွေ ဖြစ်ကုန်ပြီ လို့ သူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ တပတ်ကျော်လောက်ကတည်းက သိန္နီမြို့မှာလည်း ရပ်ကွက်တစ်ခုကို MNDAA  တပ်သားသစ် အယောက် ၂၀ ထပ်ကောက်ကာ မြို့စောင့်အဖြစ်ထားမယ်လို့ သိရပြီး ပြီးခဲ့တဲ့ ‌တခေါက်ကတော့ ရပ်ကွက်တခုကို ၄ ယောက် ကောက်တယ်လို့ သိန္နီမှာ နေထိုင်သူတယောက်က ပြောပါတယ်။ 

တပ် ကနေ ထွက်ပြေးသူ ကာယကံရှင်ကို မိသားစုမှ တလအတွင်း ပြန်သွားဖို့ တိုက်တွန်းရမှာ ဖြစ်ပြီး တပ်ထဲ ပြန်လည်မရောက်လာပါက မသန်စွမ်းမဟုတ်တဲ့ မိသားစုဝင်တဦးဦးကို အစားထိုး စစ်မှုထမ်းဖို့ တာဝန်ပေးသွားမှာဖြစ်ပြီး အစားထိုးမရှိပါက သက်ဆိုင်ရာပိုင်ဆိုင်မှု‌တွေကို သိမ်းဆည်းသွားမှာဖြစ်ကြောင်း MNDAA ရဲ့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တပ်ပြေး ပြေးပြီး ငါးနှစ်အတွင်း ပြန်တွေ့ရသူတွေကို အနည်းဆုံး တနှစ် ထောင်ဒဏ် ချမှတ်မှာဖြစ်ပြီး ရှမ်းပြည်နယ် အထူးဒေသ ၁ ပြင်ပဘက် ထွက်ပြေးပါက သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေတဆင့် ပြန်လည်ဖမ်းဆီးသွားမယ်လို့ ဖော်ပြထားပါတယ်။ 

တပ်‌ေပြး ပြေးသူတွေရဲ့ ရာထူး၊ ဂုဏ်ထူး၊ အကျိုးခံစားခွင့်တွေကိုလည်း ပယ်ဖျက် ရုပ်သိမ်း သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ 

MNDAA ရဲ့ စစ်ဥပဒေ အရ တပ်ပြေး စစ်သားကို အမှုစွဲဆိုပိုင်ခွင့်ကာလမှာ ငါးနှစ်သာ သတ်မှတ်ထားပြီး ငါးနှစ်ကျော်လွန်ပါက အမှုစွဲဆိုခြင်း မရှိတော့ပဲ တခြား ပြစ်မှု ကျူးလွန်လို့ ထွက်ပြေး တိမ်းရှောင်နေသူတွေအတွက် သတ်မှတ်ချိန် ကန့်သတ်မှုမရှိပဲ ဆက်လက်အရေးယူသွားမယ်လို့ အသိပေးကြေညာထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013