DVB Logo
Home
နိုင်ငံတကာ
ကင်ညာနိုင်ငံ၌ သံသယဖြစ်ဖွယ်  ရုပ်အလောင်း ၅ လောင်းတွေ့ရှိ  
DVB
·
August 22, 2025
ကင်ညာနိုင်ငံ၌ သံသယဖြစ်ဖွယ်  ရုပ်အလောင်း ၅ လောင်းတွေ့ရှိ  
Donate to DVB

ကင်ညာနိုင်ငံ အရှေ့တောင်ပိုင်း ကီလီဖီခရိုင်ရှိ မာလင်ဒီမြို့ ဆင်ခြေဖုံးမှာတည်ရှိတဲ့ ကွာဘင်ဇာရို ကျေးရွာရှိ သင်္ချိုင်းတွင်းတွေထဲကနေ ရုပ်အလောင်း ၅ လောင်းကို ကင်ညာအာဏာပိုင်တွေ တွေ့ရှိဖော်ယူခဲ့ကြောင်း သြဂုတ် ၂၁ ရက်မှာ ပြောပါတယ်။

အစိုးရရောဂါဗေဒပညာရှင် ဒေါက်တာ ရစ်ချဒ်ဂျိုရိုးဂဲက “ကွာဘင်ဇာရို ရွာမှာရှိတဲ့ မသင်္ကာဖွယ်သင်္ချိုင်းတွေကို တူးဖော်တဲ့ လုပ်ငန်းစဉ်ကို ဒီနေ့ စတင်လိုက်ချိန်မှာ သံသယရှိတဲ့ သင်္ချိုင်း ၂၇ ခုကို တွေ့ရှိခဲ့ပြီး ၆ ခုကို ရှင်းထုတ်လိုက်တဲ့အခါ သင်္ချိုင်း ၆ ခုထဲကနေ အလောင်း ၅ လောင်းကို တွေ့ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။

အဲဒီနေရာတဝိုက်မှာလည်း မတူညီတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ၁၀ ခုကို မြေပြင်ပေါ်မှာ နေရာအနှံ့ ပြန့်ကျဲနေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။ 

အဲဒီနေရာဟာ ၂၀၂၃ ခုနှစ်က ကမ္ဘာပျက်တရားဟောတဲ့ ဘာသာရေးအယူဝါဒနဲ့ဆက်စပ်ပြီး လူပေါင်း ၄၀၀ ကျော် သေဆုံးနေတာကို တွေ့ရှိခဲ့တဲ့ ရှာကာဟိုလာ သစ်တောကနေ ကီလိုမီတာ အနည်းငယ်သာ ကွာဝေးပါတယ်။

စုံစမ်းစစ်ဆေးနေတဲ့ ဧရိယာဟာ ကျယ်ပြောပြီး လာမယ့်ရက်တွေအတွင်း သင်္ချိုင်းတွေကို ထပ်မံတွေ့ရှိနိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၁၁ ယောက် ထက်မနည်းကို စုံစမ်းစစ်ဆေးနေတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

သင်္ချိုင်းတွေတူးနေတဲ့ နေရာတဝိုက် နေထိုင်တဲ့ လူတွေဟာ ကလေးတွေ အများအပြား ဘယ်တွေရောက်နေလဲဆိုတာ မသိကြတာကြောင့် သူတို့တတွေ မကောင်းတာ တခုခုနဲ့ကြုံတွေ့နေရမလားလို့ စိုးရိမ်ပြီး စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင် တာလို့ အစိုးရရှေ့နေရုံးကနေ သိရပါတယ်။ 

ဇူလိုင်လတုန်းက ကင်ညာပြည်သူ့တရားစွဲဆိုမှုဆိုင်ရာ ညွှန်ကြားရေးမှူးရုံးဟာ အဲဒီနေရာမှာ မြှုပ်နှံထားတဲ့ အလောင်းတွေဟာ “အစာငတ်ပြီး အသက်ရှုကြပ်သွားတာဖြစ်နိုင်တယ်လို့ ယူဆကြောင်း ပြောကြားခဲ့ပြီး အဲဒါဟာ အစွန်းရောက်ဘာသာရေး အယူဝါဒကို လက်ခံကျင့်သုံးပြီး မြှင့်တင်ခြင်းရဲ့ ရလဒ်ဖြစ်တယ်”လို့ ဆိုပါတယ်။

မကြာသေးခင်က သမိုင်းမှာ ကမ္ဘာ့အကြီးဆုံး ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်နွှယ်တဲ့ ဘေးအန္တရာယ်တွေထဲမှာ တခု အနေနဲ့ ၂၀၂၃ ခုနှစ်တုန်းက အနီးနားရှိ ရှာကာဟိုလာ သစ်တောကနေ အလောင်း ၄၀၀ ကျော်ကို တူးဖော် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013