DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားကို ယဉ်ကျေးမှုဆိုင်ရာ ဩဇာကြီးသည့် နိုင်ငံအဖြစ်လုပ်ရန် သမ္မတ အီဂျယ်မြောင် ပြော 
DVB
·
August 22, 2025
တောင်ကိုရီးယားကို ယဉ်ကျေးမှုဆိုင်ရာ ဩဇာကြီးသည့် နိုင်ငံအဖြစ်လုပ်ရန် သမ္မတ အီဂျယ်မြောင် ပြော 
Donate to DVB

တောင်ကိုရီးယားနိုင်ငံကို ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဩဇာကြီးတဲ့နိုင်ငံအဖြစ် တိုးတက်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ သမ္မတ အီဂျယ်မြောင်က ပြောပါတယ်။

သြဂုတ် ၂၀ ရက်က ဆိုးလ်မြို့တော်မှာ ပြုလုပ်တဲ့ အာရီရန် ရုပ်သံဟောပြောပွဲရဲ့ ‘K-pop, The Next Chapter’ လို့ ခေါင်းစဉ်တပ်ထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဆွေးနွေးပွဲကို တက်ရောက်လာတဲ့  သမ္မတ အီဂျယ်မြောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

“တောင်ကိုရီးယားနိုင်ငံဟာ ဂီတနဲ့ အကတွေကနေ ဆန္ဒပြကြလေ့ရှိပြီး တောင်ကိုရီးယားသားတွေ အတွက်က လုံးဝသဘာဝကျတဲ့ ပုံမှန်ကိစ္စဖြစ်ပေမဲ့ တခြားအပြင်လူတွေကတော့ သူတို့တွေက အဓိကရုဏ်းတွေ မစတင်ဘဲ ဘာလို့ မီးတိုင်တွေနဲ့ ကနေတာလဲလို့ ထူးထူးခြားခြား ထင်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါက လှပပြီး အဆုံးသတ်မှာတော့ ကျနော်တို့ အနိုင်ရတဲ့နည်းပါပဲ”လို့ သမ္မတ အီဂျယ်မြောင်က ပြောပါတယ်။

“နောက်ဆုံးမှာ လူတွေရဲ့ ယဉ်ကျေးမှုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရခြင်းဟာ အနာဂတ်အတွက် အဓိကကျတဲ့ အလုပ်ဖြစ်ပါလိမ့်မယ်။ အရေးကြီးတာက ကျနော်တို့ ဘယ်လောက်မြန်မြန် ရှေ့တန်း ရောက်နိုင်မလဲ။ ကျနော် ပြောချင်တာကတော့ အဲဒါကို ဂုဏ်ယူစွာနဲ့ ချဉ်းကပ်ရမှာဖြစ်ပြီး ကျနော်တို့ ပြည်သူတွေ ဂုဏ်ယူစရာဖြစ်သလို နိုင်ငံတော်ကြီးလည်း ဂုဏ်ယူဝင့်ကြွားတဲ့ ယဉ်ကျေးမှုအင်အားကြီး နိုင်ငံအဖြစ် တိုးတက်နိုင်မှာပါ။ အဲဒီလိုဖြစ်မြောက်အောင်လုပ်ဖို့လည်း ဆုံးဖြတ်ထားပါတယ်” လို့ သမ္မတ အီဂျယ်မြောင်က ပြောသွားပါတယ်။

အဲဒီပွဲမှာ အကြီးစားအောင်မြင်မှု ရရှိထားတဲ့ အယ်နီမေးရှင်း ကာတွန်းဇာတ်ကား 'KPOP Demon Hunters'ရဲ့ တွဲဖက်ဒါရိုက်တာ မက်ဂီဂန်နဲ့ ဇာတ်ကားရဲ့ တေးသွားကို ပံ့ပိုးပေးခဲ့တဲ့ ကေပေါ့ပ် မိန်းကလေးအဖွဲ့ 'TWICE' အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျီဟျိုနဲ့ ဂျုံးယောင်းတို့လည်း တောင်ကိုရီးယားရဲ့ယဉ်ကျေးမှု လွှမ်းမိုးမှု အကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။

သူဟာ ရုပ်ရှင်တွေရိုက်ရင်းနဲ့ သုတေသနတွေ အများကြီးလုပ်ခဲ့တာမှာ ကိုရီးယား ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ကမ္ဘာကို ပြသနိုင်တဲ့ ပမာဏက အကန့်အသတ်မရှိဘူးလို့ သဘောပေါက်ခဲ့ရကြောင်း  တွဲဖက်ဒါရိုက်တာ မက်ဂီဂန်က ထုတ်ဖော်ပြောကြားပါတယ်။ 

ကေပေါ့ပ် မိန်းကလေးအဖွဲ့ 'TWICE' အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျီဟျိုနဲ့ ဂျုံးယောင်းတို့ကလည်း နိုင်ငံရပ်ခြား အနုပညာလှုပ်ရှားမှု ပွဲလမ်းတွေမှာ ကိုရီးယားအနုပညာရှင်တွေကို ပိုမိုတွေ့မြင်လာရပြီး သူတို့ရဲ့ဖျော်ဖြေတင်ဆက်မှုတွေဟာ ကမ္ဘာတဝန်းရှိ ပရိသတ်တွေကို ကိုရီးယား ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေဆီ ပိုမိုနီးစပ်လာစေကြောင်းကို သတိပြုမိတယ်လို့ ပြောပါတယ်။ 

"KPop Demon Hunters" ကာတွန်းဇာတ်ကားဟာ ကေပေါ့ပ်ကြယ်ပွင့် ၃ ယောက်က သူတို့ရဲ့ပရိသတ်တွေကို သဘာဝလွန်ခြိမ်းခြောက်မှုမှ ကာကွယ်ပေးတဲ့ နတ်ဆိုးဖမ်း မုဆိုးတွေဖြစ်တဲ့အကြောင်း ရိုက်ကူးထားတာပါ။

ဇွန် ၂၀ ရက်မှာ ထွက်ရှိခဲ့ပြီး သြဂုတ် ဒုတိယပတ်အထိ Netflix ရဲ့ ဒုတိယမြောက် လူကြိုက်အများဆုံး အင်္ဂလိပ်စကားပြောရုပ်ရှင် ဖြစ်လာခဲ့ပြီး ဝေဖန်သူတွေနဲ့ ပရိသတ်တွေဆီမှ ကြီးမားတဲ့ ချီးကျူးမှုကို ရရှိထားပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013