DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့တွင် Mytel ဖုန်းလိုင်း ပြန်ရ
DVB
·
August 21, 2025
စစ်တွေမြို့တွင် Mytel ဖုန်းလိုင်း ပြန်ရ
Donate to DVB

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ  သြဂုတ် ၂၀ ရက်ကစပြီး Mytel ဆင်းမ်ကတ်တွေ ပြန်သုံးလို့ ရပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေ ဒေသခံတယောက်က “Mytel ဖုန်းလိုင်းတွေ ပြန်ရနေပြီ။ မနေ့ကတည်းက ရတာ၊ လိုင်းကတော့ အပြည့်တက်နေတယ်။ အရင်က MPT ဖုန်းလိုင်းတွေက နေရာကွက်ကျား ရပေမဲ့ ဖုန်းလိုင်း အဆင်မပြေတာ များပါတယ်။ အင်တာနက်လိုင်းတွေကတော့ ကျနော်တို့နေရာတော့ မရသေးဘူး။ တခြားနေရာတွေ ရလား၊ မရလားဆိုတော့ ကျနော်လည်း သိပ်မသိဘူးပေါ့နော်”လို့ ပြောပါတယ်။

အခုလို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်မှုတွေကြောင့် ဒေသခံတွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေပြီး သတင်းအချက်အလက် သိရှိနိုင်မှုပိုင်းမှာလည်း ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

အခုလို Mytel ဖုန်းလိုင်းတွေ ပြန်ရပြီးနောက်ပိုင်း Mytel ဆင်းမ်ကတ်ကို ဝယ်ယူသုံးတွေ ပြန်များလာတယ်လို့ ဖုန်း ဆင်မ်ကတ် ရောင်းချနေသူတွေက ပြောပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲစဖြစ်ချိန်ကစလို့ စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းလိုင်းတွေ အဓိကဖြတ်တောက်ခဲ့ပြီး ၂ နှစ်နီးပါး ကြာမြင့်လာပြီလည်း ဖြစ်ပါတယ်။ 

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေပေမဲ့ ဒေသခံပြည်သူတွေကို Starlink အင်တာနက်လိုင်းတွေ အချိန်အကန့်အသတ်နဲ့ သုံးစွဲခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။  

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013