DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ် စစ်သွေးကြွများနှင့် ဥမင်လိုဏ်ခေါင်းကို တိုက်ခိုက်မှု အစ္စရေးစစ်တပ် ထုတ်ပြန်
DVB
·
August 21, 2025
ဟားမတ်စ် စစ်သွေးကြွများနှင့် ဥမင်လိုဏ်ခေါင်းကို တိုက်ခိုက်မှု အစ္စရေးစစ်တပ် ထုတ်ပြန်
Donate to DVB

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ခန်ယိုးနစ်စ်မြို့မှာ ဟားမတ်စ် စစ်သွေးကြွလို့ သံသယရှိသူတွေနဲ့ ဥမင်လိုဏ်ခေါင်းကို တိုက်ခိုက်မှုတွေလို့ ပြထားတဲ့ ဗွီဒီယိုကို အစ္စရေးစစ်တပ်က ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 

လှိုဏ်ခေါင်းဝင်ပေါက်အဖြစ် စစ်တပ်က ဖော်ပြထားတဲ့ အပေါ်က ရိုက်ကူးထားတဲ့ ဗွီဒီယိုမှာ ခဲယမ်း မီးကျောက်တွေ ပစ်ခတ်မှုဖြစ်ပွားနေတဲ့နေရာတဝိုက်မှာ ပြေးလွှားနေတဲ့ လူတွေကို ပြထားပါတယ်။ 

ရိုက်တာဟာ တည်နေရာနဲ့ ဗီဒီယိုရိုက်ကူးတဲ့ရက်စွဲကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ 

ဟားမတ်စ် ဦးဆောင်တဲ့ သေနတ်သမားတွေဟာ တောင်ပိုင်းရှိ အစ္စရေး လူ့အဖွဲ့အစည်းကို တိုက်ခိုက်ခဲ့ရာမှာ လူပေါင်း ၁၂၀၀ လောက် သေဆုံးပြီး ဓားစာခံ ၂၅၁ ဦးကို ဂါဇာကို ဖမ်းခေါ်သွားရာကနေ စစ်ပွဲဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ စတင်ခဲ့တာပါ။ 

အစ္စရေးရဲ့ စစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၆၂,၀၀၀ ကျော် အသတ်ခံခဲ့ရကြောင်း ဂါဇာ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး အဒီထဲမှာ စစ်သွေးကြွတွေ ဘယ်လောက် ပါဝင်တယ်ဆိုတာကို ပြောကြားခြင်း မရှိပေမဲ့ သေဆုံးသူ အများစုမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013