DVB Logo
Home
နိုင်ငံတကာ
ဂါဇာစီးတီး သိမ်းယူမှု စစ်ဆင်ရေး စပြီဟု အစ္စရေး ကြေညာ၊ အရန်စစ်သည် ၆၀၀၀၀ ခေါ်ယူ
DVB
·
August 21, 2025
ဂါဇာစီးတီး သိမ်းယူမှု စစ်ဆင်ရေး စပြီဟု အစ္စရေး ကြေညာ၊ အရန်စစ်သည် ၆၀၀၀၀ ခေါ်ယူ
Donate to DVB

ဂါဇာကမ်းမြောင်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဂါဇာစီးတီးကို သိမ်းပိုက်၊ တပ်စွဲဖို့ မြေပြင်ထိုးစစ် ပထမအဆင့် စတင်လိုက်ပြီဖြစ်ပြီး ဆင်ခြေဖုံးတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ဩဂုတ် ၂၀ ရက်မှာ ကြေညာပါတယ်။   

အခုစစ်ဆင်ရေးမှာ ပါဝင်မဲ့ တာဝန်ထမ်းဆောင်ဆဲ စစ်သည်တွေ နေရာကို ပြန်အားဖြည့်ဖို့ အရန်တပ်ဖွဲ့ဝင် ၆ သောင်းကို စက်တင်ဘာလ အစောပိုင်းက စပြီး တာဝန်ထမ်းဖို့ ခေါ်ယူထားပါတယ်။

မြေပြင်ထိုးစစ်အတွက် ပြင်ဆင်ဖို့ အစ္စရေးတပ်တွေဟာ ဇိုင်တွန်နဲ့ ဂျာဘာလီယာမှာ စတင်လှုပ်ရှားနေပြီလို့ စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။  

အစ္စရေးဟာ “အပြစ်မဲ့အရပ်သားတွေအပေါ် ရက်စက်တဲ့စစ်ပွဲ” ကို ဆက်လက်ဆင်နွှဲနိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရအောင် ဟန့်တားနှောင့်ယှက်နေတယ်လို့ ဟားမတ်စ်အဖွဲ့က စွပ်စွဲလိုက်ပါတယ်။ 

ဂါဇာစီးတီးမှာ နေထိုင်တဲ့ ပါလက်စတိုင်း သိန်းချီပြီးတော့ အိုးအိမ်စွန့်ခွာကြဖို့နဲ့၊ ဂါဇာတောင်ပိုင်းက ယာယီအမိုးအကာတွေမှာ သွားနေကြဖို့ အမိန့်ထုတ်ဖို့ရှိနေပါတယ်။ 

ဒီအစီအစဉ်ကို အစ္စရေးရဲ့ မဟာမိတ်နိုင်ငံတွေကပါ ရှုတ်ချထားပြီး ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်ကတော့ “ဒီလိုလုပ်ရင် နှစ်ဖက် ပြည်သူတွေအတွက် ဘေးဆိုးကြီးကိုပဲ ဦးတည်သွားစေနိုင်ပြီးတော့ ဒေသတခုလုံး ထာဝရစစ်ပွဲ သံသရာထဲ နစ်မွန်းသွားနိုင်တယ်” လို့ သတိပေးထားပါတယ်။ 

နောက်ထပ်နေရာ ထပ်ရွှေ့ခိုင်းတာနဲ့ ရန်လိုမှုတွေ မြင့်တက်လာတာဟာ ဂါဇာကမ်းမြောင်ဒေသခံ ၂ ဒသမ ၁ သန်းအတွက် နဂိုကတည်းက ကပ်ဘေးသင့်နေတဲ့ အခြေအနေကို ပိုဆိုးစေနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က သတိပေးထားပါတယ်။ 

အစ္စရေးစစ်တပ် IDF ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် အက်ဖီဒက်ဖရင်က ၂၂ လကာ စစ်ပွဲအတွင်းမှာ ဟားမတ်စ်အဖွဲ့ဟာ ဖွက်ဖွက်ညက်ညက်ကြေ၊ ထိခိုက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးအတွက် ခြေကုပ်ယူရာ ဂါဇာက မြေပေါ်မြေအောက် အကြမ်းဖက် အခြေခံအဆောက်အအုံတွေ ပျက်စီးအောင်လုပ်သွားမှာဖြစ်ပြီး ဟားမတ်စ်အပေါ် လူထုရဲ့ မှီခိုနေရမှုကို ဖြတ်တောက်သွားမယ်လို့ ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013