DVB Logo
Home
မြန်မာသတင်း
ဝေါလေဗျူဟာကို KNLA တပ်ပေါင်းစုက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်
DVB
·
August 20, 2025
ဝေါလေဗျူဟာကို KNLA တပ်ပေါင်းစုက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စစ်ကောင်စီတပ်ရဲ့ ဝေါလေဗျူဟာကို  ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်း တပ်ပေါင်းစုတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်ဖြစ်နေတယ်လို့ မြေပြင်ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းက အာရှလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ ဝေါလေ ဗျူဟာမကျရေး အင်အားဖြည့်တင်းနိုင်ဖို့ ကော့ကရိတ်-မြဝတီ( အာရှ)လမ်းပိုင်းနဲ့ ကော့ကရိတ် လမ်းဟောင်းဘက်ကနေ ထိုးဖောက်ဖို့ ကြိုးစားနေတာကြောင့်  KNLA တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ဝေါလေဗျူဟာ တိုက်ခိုက်ခံနေရတာကြောင့် စစ်တပ်ဘက်က ထိခိုက်ကျဆုံးသူတွေ ရှိတယ်လို့ ကရင် ရှေ့တန်း သတင်းရင်းမြစ်က တယောက်က ပြောပါတယ်။

“နေ့တိုင်းတော့ ပစ်နေတာပဲ။ သူပစ် ကိုယ်ပစ်ပါပဲ။ မြဝတီကနေ ထိုးဖောက်ချင်ရင် လွယ်လွယ် ထိုးဖောက်စရာမှ မလိုဘဲ။ သူတို့လူတွေ ရောက်နေပြီးသားပဲဟာ။ မြဝတီက BGF အကူအညီနဲ့ လက်နက်ခဲယမ်း အင်အားရောက်နေပြီးသားပဲ။  ဝေါလေ ဖြတ်ဖို့ဆို သုံးထပ်ကွေ့တို့ ဘယ်လို လုပ်မတုန်း။ အဝေးကြီးပဲ။  အင်အားကတော့ ဗျူဟာကြီးဆိုတော့ ရှိမှာပေါ့။ ကျနော်တို့ စစ်မျက်နှာပြင်ကလည်း ကျယ်ပြန့်တော့။ ဝေါလေက သူတို့ဘက်ကလည်း ကျပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ သူတို့က ပိတ်မိသွားပြီလေ။ ဘာထွက်ပေါက်မှ မရှိတော့ဘူး။ ဒဏ်ရာရတဲ့သူတွေက သေလောက်တဲ့ ကောင်တွေဖြစ်နေပြီ။”

လက်ရှိမှာလည်း စစ်တပ်က ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လေကြောင်းကနေ ထောက်ပို့နေရ ပါတယ်။

တိုက်ပွဲကြောင့်  ဝေါ်လေကျေးရွာနဲ့ ဥကရစ်ထကျေးရွာက ဒေသခံပြည်သူ ၃,၀၀၀ ကျော်ဟာ သောင်ရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံတွင်းနဲ့ နီးစပ်ရာကို  ထွက်ပြေးတိမ်းရှောင်ခဲ့ ရပါတယ်။

တောတောင်ထဲက စစ်ဘေးရှောင်တွေဟာ မိုးကာလ ပြေးလွှားနေရတာကြောင့် အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ နယ်စပ်အရေးကူညီလုပ်ဆောင်နေသူတယောက်က ပြောပါတယ်။

“စစ်ရှောင်တွေက မိုးတွင်းကာလလည်း ဖြစ်တဲ့အခါကျတော့ နေဖို့ ထိုင်ဖို့နဲ့ လုံခြုံတဲ့နေရာတွေ လိုအပ်တယ်။ အခုလက်ရှိမှာ သူတို့လိုအပ်နေတဲ့ အစားအသောက်နဲ့ အမိုးအကာတွေ လိုအပ်တယ်။ အဓိက ကတော့ အခု လောလောဆယ်မှာ စစ်ဖြစ်တယ်ဆိုတာ လူသားချင်းစာနာမှု လူစိတ်ကင်းမဲ့တဲ့ လူတွေက လုပ်နေတာဖြစ်တယ်။ ဆက်ပြီးတော့ လုပ်နေမယ်ဆိုလို့ရှိရင်  ဒါတွေက ဆက်ဖြစ်နေမှာ။ အဓိက စစ်ပွဲတွေ ဖြစ်အောင် ဖန်တီးပြီးတော့မှ ပြည်သူကို မတရားသတ်ဖြတ်တာတွေ မရပ်တန့်သရွေ့ကတော့ ဒါတွေက ဆက်ဖြစ်နေမှာ။”

လက်ရှိမှာလည်း  ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ စစ်ရှောင် ပြည်သူတွေရဲ့ ကျန်းမာရေးကို KNU ရဲ့ ကျန်းမာရေးဌာနက တာဝန်ယူ ကုသပေးနေပါတယ်။

ဒါအပြင် လူသားချင်းစာနာမှုအကူညီတွေကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်တာတွေကို ရပ်သင့်ပြီး ကော်သူးလေပြည်မှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ပူးပေါင်းဆောက်ရွက်ဖို့  တိုက်တွန်းထား ပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013