DVB Logo
Home
မြန်မာသတင်း
နိုင်ငံအကျိုး အမှန်တကယ်လုပ်နေသူများကို မဲပေးရန် စစ်ခေါင်းဆောင် ပြော
DVB
·
August 20, 2025
နိုင်ငံအကျိုး အမှန်တကယ်လုပ်နေသူများကို မဲပေးရန် စစ်ခေါင်းဆောင် ပြော
Donate to DVB

လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံအကျိုး၊ ဒေသအကျိုး ဆောင်ရွက်နေသူတွေကို ရွေးချယ်မဲပေး စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

စစ်ကော်မရှင်ဥက္ကဋ္ဌက သြဂုတ် ၁၉ ရက် နေ့လယ်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ စွမ်းအင်ရိပ်သာခန်းမမှာ ပြုလုပ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။

“လာမယ့် ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးတွေနဲ့ နီးစပ်တဲ့ မြို့တွေမှာ စတင်ကျင်းပပေးမှာဖြစ်ပြီး ဒီမိုကရေစီရဲ့အောင်ပွဲမှာ ရွေးကောက်ပွဲဖြစ်တဲ့အတွက် အောင်မြင်အောင် ဆောင်ရွက်ဖို့လိုပြီး ဆန္ဒမဲပေးရာမှာ တိုင်းပြည်အကျိုး ဒေသအကျိုး သယ်ပိုးနေသူတွေကို ရွေးချယ်မဲပေးရမှာ ဖြစ်တယ်။”

စစ်ခေါင်းဆောင်က ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ သွယ်ဝိုက်ပြောဆိုခဲ့တာဖြစ်ပေမဲ့ ချောက်မြို့နယ်မှာ ဒေသအကျိုး သယ်ပိုးတဲ့ပါတီ ဘယ်ပါတီမှမရှိလို့ လာမယ့်ရွေးကောက်ပွဲမှာ  မဲမပေးဘူးလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“မင်းအောင်လှိုင်က ပြည်ခိုင်ဖြိုးကို မဲပေးဖို့ မဲဆွယ်တဲ့သဘောမျိုး။ ကျနော်တို့ ဒေသခံတွေဘက်က ရှင်းတယ်။ NLD အစိုးရကို ဖမ်းပြီး အာဏာသိမ်းလိုက်ကတည်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီက ပျက်သုဉ်းသွားပြီဆိုတာ သိတယ်။ ဒါကြောင့် ရွေးကောက်ပွဲ လုပ်ချင် လုပ်၊ မလုပ်ချင်ရင်နေ၊ ကျနော်တို့က ဘယ်ပါတီမှ မဲမပေးဘူး။” 

ဒါ့အပြင် သြဂုတ် ၁၉ ရက် မနက်က မင်းဘူးမြို့နယ် သာသနာ့ဗိမာန်တော်ရှိ ဦးဩဘာသခန်းမမှာ ဌာနဆိုင်ရာနဲ့ မြို့မိမြို့ဖတွေကို တွေ့ဆုံပွဲမှာ မင်းဘူးမြို့က ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်တွေအနေနဲ့လည်း ဒေသအကျိုး သယ်ပိုးပြီး ပြည်သူလူထုနဲ့ တွေ့ဆုံဖို့ ပြောဆိုခဲ့တာလည်း ရှိပါတယ်။

ဒီမိုကရေစီစနစ် မှန်ကန်ရင် စစ်တပ်က ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သြဂုတ် ၁၈ ရက်က မကွေး-နတ်မောက် ကားလမ်းမပေါ်မှာရှိတဲ့ တပ်မ ၈၈ ဌာနချုပ်မှာ စစ်ကော်မရှင်ဥက္ကဋ္ဌက ပြောဆိုခဲ့တာလည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013