DVB Logo
Home
နိုင်ငံတကာ
ဒေါ်လာ ၂ ဘီလီယံဖိုး ရှယ်ယာဝယ်မည့်သတင်းကြောင့် Intel ရှယ်ယာတန်ဖိုး ခုန်တက်
DVB
·
August 20, 2025
ဒေါ်လာ ၂ ဘီလီယံဖိုး ရှယ်ယာဝယ်မည့်သတင်းကြောင့် Intel ရှယ်ယာတန်ဖိုး ခုန်တက်
Donate to DVB

Softbank က ဒေါ်လာ ၂ ဘီလီယံဖိုး ရှယ်ယာဝယ်မယ်ဆိုတဲ့ သတင်းကြောင့် Intel ရဲ့ ရှယ်ယာ ဈေးနှုန်းတွေ ခုန်တက်လာပါတယ်။

ထရမ့်ပ် အစိုးရအဖွဲ့ဟာ Intel ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို အစိုးရရဲ့ငွေကြေး အသုံးပြုမယ်လို့ ပြောခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။

ကနဦး သဘောတူညီချက်အရ Intel ရဲ့ နောက်ဆုံးပေါ် ကုန်ထုတ်လုပ်မှုစက်ရုံကို အိုဟိုင်းယိုးပြည်နယ်မှာ တည်ဆောက်ဖို့ အကူအညီပေးမယ်လို့ ပါဝင်ပါတယ်။

တနင်္လာနေ့က ကြေညာမှုမှာ Softbank က Intel ကို ရှယ်ယာတခုအတွက် ၂၃ ဒေါ်လာ ပေးမယ်လို့ ပါဝင်ပါတယ်။

“နည်းပညာသစ်တွေနဲ့ အမေရိကန်မှာ ဆီမီးကွန်ဒက်တာတွေ ဆန်းသစ်တီထွင်ဖို့ Intel နဲ့ SoftBank က ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မှာပါ” လို့ ကုမ္ပဏီနှစ်ခုစလုံးက ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

အဲဒီလိုကြေညာအပြီး နာရီအနည်းငယ်အကြာမှာပဲ Intel ရဲ့ ရှယ်ယာဈေးနှုန်းတွေ ၅ ရာခိုင်နှုန်း တိုးမြင့်လာပါတယ်။

ပြီးခဲ့တဲ့အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့ဟာ Intel အမှုဆောင်ချုပ် လစ်ဘူတန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ထရမ့်ပ်က လစ်ဘူတန်ဟာ တရုတ်နဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲခံရပြီး ရာထူးကနေ နုတ်ထွက်ဖို့ ပြောခဲ့ပါတယ်။

အမေရိကန်အစိုးရအဖွဲ့က Intel နဲ့ အလားအလာကောင်းတဲ့ စာချုပ် ချုပ်ဆိုပြီး ဒီလုပ်ငန်းကို အသက်ဆက်ပေးဖို့ ပြုလုပ်တာလို့ ဝေဖန်သူတချို့က သုံးသပ်ပါတယ်။

Intel ဟာ ဆီမီးကွန်ဒက်တာ ထုတ်လုပ်တဲ့ ထိပ်တန်းလုပ်ငန်းတွေထဲမှာ အနည်းငယ်သာပါဝင်တဲ့ အမေရိကန်ကုမ္ပဏီတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

Intel ဟာ ကမ္ဘာ့ဈေးကွက်မှာ Samsung, TSMC တို့လို ချစ်ပ်ပြားထုတ်လုပ်တဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်မှု ရှုံးနိမ့်နေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013