DVB Logo
Home
မြန်မာသတင်း
ငဝန်မြစ်ရေတိုက်စားမှုကြောင့် ညောင်ကျိုး-အင်္ဂပူ ကားလမ်း ပြိုကျ
DVB
·
August 19, 2025
ငဝန်မြစ်ရေတိုက်စားမှုကြောင့် ညောင်ကျိုး-အင်္ဂပူ ကားလမ်း ပြိုကျ
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်မှာ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပွားပြီး ကားလမ်း ကမ်းပြိုကျတဲ့အထဲ ပါသွားလို့ ဒေသခံတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငဝန်မြစ်ရေ တိုက်စားမှုကြောင့် သြဂုတ်လ ဒုတိယအပတ်က စတင်ပြီး ကမ်းပါးပြိုကျမှု ဖြစ်ပွားကာ အင်္ဂပူ-ညောင်ကျိုး ကားလမ်း ကမ်းပါးပြိုကျတဲ့အထဲ လုံးဝပါသွားတာကြောင့် အင်္ဂပူမြို့ပေါ်ကနေ ညောင်ကျိုးဘက်ကို ကုန်စည်သယ်ယူရေးနဲ့ တခြားအခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “လမ်းပိုင်းက ကမ်းပါးက ပြိုကျလာတာ တရက်ထက်တရက် ပိုမိုဝါးလာတာ။ အခုတော့ လမ်းပိုင်းကြီးတခုလုံး ကမ်းပါးပြိုကျတဲ့အထဲ ပါသွားတာ။ လုံးဝသွားမရတဲ့အဆင့်ကို ဖြစ်သွားတာ။ ဒီလမ်းအပိုင်းကို သုံးမယ်ဆို အန္တရာယ်ရှိတယ်” လို့ ပြောပါတယ်။

အဲဒီ ကားလမ်း ကမ်းပါးပြိုကျတဲ့အထဲ ပါသွားတာကြောင့် ညောင်ကျိုး၊ ဂျိုးကုန်း၊ မဲဇလီကုန်း စတဲ့ကျေးရွာ ၁၄ ရွာလောက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ကမ်းပါးမှာ သြဂုတ် ၁၉ ရက်အထိ ဆက်လက်ပြိုကျနေတယ်လို့ သိရပါတယ်။

ကားသမားတယောက်က “ကမ်းပါးက အခုလည်း ပြိုကျနေတာ ဟုတ်တယ်။ အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်နေတာ။ အချိန်မီ မကာကွယ်ရင်တော့ ကားလမ်းရဲ့ တဖက်မှာရှိတဲ့ တောင်သူတွေရဲ့ လယ်ယာမြေတွေပါ ကမ်းပြိုကျတဲ့အထဲ ပါကုန်မှာ သေချာတယ်။ ရှောင်ကွင်းလမ်းတော့ ရှိပေမဲ့ အရမ်းဝေးသလို လမ်းကလည်း မကောင်းဘူး” လို့ ပြောပါတယ်။

လက်ရှိ မဲဇလီကုန်း-ညောင်ကျိုးလမ်းကို အသုံးပြုကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးမှုတွေ ပြုလုပ်နေပြီး လမ်းပိုင်းကို ပြုပြင်ပေးဖို့ အရပ်သားတွေက စုပေါင်းပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ကို တင်ပြထားပေမဲ့ ဒီနေ့အထိ ပြင်ဆင်တာ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013