DVB Logo
Home
Lead Story
လေးမျက်နှာ ငဝန်တာ ထိန်းချုပ်နိုင်ပြီဟု ကြေညာပြီး နောက်တရက် တာထပ်ကျိုး
DVB
·
September 10, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

အချိန်တလကျော်ကြာအောင် စစ်အာဏာရှင်အစိုးရ ပြုပြင်နေတဲ့ လေးမျက်နှာမြို့နယ်က ငဝန်တာကျိုးကို ထိန်းချုပ်နိုင်ပြီလို့ ကြေညာပြီး နောက်တရက်မှာပဲ ပြန်ကျိုးသွားတာကြောင့် ဒေသခံတွေ အခက်ကြုံနေကြရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ငဝန်တာကျိုးတာကို ထိန်းချုပ်နိုင်ပြီလို့ စစ်အာဏာရှင် ဧရာဝတီတိုင်းအစိုးရက စက်တင်ဘာ ၈ ရက်မှာ ကြေညာခဲ့တာဖြစ်ပြီး မနေ့က စက်တင်ဘာ ၉ ရက် ညပိုင်းမှာ မူလတာကျိုးနေရာကို ပြုပြင်ထားတဲ့ နေရာကနေ ပြန်ပွင့်ထွက်ပြီး ရေတွေအလုံးအရင်းနဲ့ ဝင်ရောက်လာတာ ဖြစ်ပါတယ်။

လူမှုကူညီရေအသင်း တာဝန်ရှိသူတယောက်က “လောလောဆယ် ရေကတော့ အိုင်သပြုဘက်အထိ ပြန်တက်နေပြီ။ ညက ၉ နာရီလောက် ပွင့်သွားတာ။ မြစ်ရေအခြေအနေ ကြည့်ရမှာပေါ့။ ရေတက်လာရင် အခြေအနေဆိုးမယ်။ ဒေသခံတွေကိုတော့ ညတည်းက ရွှေ့ဖို့ပြောင်းဖို့ လိုက်သတိပေးထားတယ်” လို့ DVB ကို ပြောပါတယ်။

လေးမျက်နှာမြို့အနီးက ငဝန်တာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက် ညပိုင်းက ကျိုးသွားတာဖြစ်ပြီး အချိန်တလကျော် ကြာတဲ့အထိ ပြင်ဆင်မှုတွေလုပ်ခဲ့ပေမဲ့ ကြံ့ခိုင်မှု အားနည်းတာကြောင့် မနေ့ညပိုင်းက ပေ ၃၀ လောက် ပြန်ပွင့်ထွက်ခဲ့တာပါ။

အဲဒီ ငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ် အပါအဝင် ဧရာဝတီတိုင်းအတွင်းက မြို့နယ် ၅ ခုလောက်က ဒေသခံ သိန်းချီကာ ရေဘေးဒဏ် အလူးအလဲခံနေရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက်ခဲ့တဲ့ ရေတွေဟာ ပြန်မကျသေးဘဲ ဆက်ရှိနေတာကြောင့် အကူအညီတွေ လိုအပ်နေချိန်မှာ အခုလို ထပ်ဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ တပူပေါ် နှစ်ပူဆင့်ရမဲ့ အနေအထားရှိတယ်လို့ လေးမျက်နှာဒေသခံတယောက်က DVB ကို ပြောပါတယ်။

“ရေက ဒီမနက်ဆို အိုင်သပြုဘက် ပြန်တက်လာပြီ။ မြစ်ထဲက ရေကို စောင့်ကြည့်ရဦးမယ်။ ရေတက်လာရင် အခြေအနေ တော်တော်ဆိုးမှာပေါ့နော်။ အရင်ရက်က ရေတောင်ပြန်မကျသေးဘူး တချို့နေရာတွေမှာ။ အဲဒါ ဒီရေထပ်တက်ရင်တော့သွားပြီ။”

အဆိုပါ ငဝန်တာကျိုးမှုကြောင့် လေးမျက်နှာမြို့နယ်အပြင် ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်း၊ ဟင်္သာတမြို့နယ်တွေထဲက ကျေးရွာတွေ ရေဝင်နစ်မြုပ်ခဲ့ပြီး ဒေသခံ သိန်းနဲ့ချီ ရေဘေးဒဏ် ခံစားနေရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းအတွင်းက ညောင်တုန်းက ဂန်ချောင်း-ထုံးဝတာ၊ ‌လေးမျက်နှာက ထိန်ငူတာ၊ ဇလွန်က ညောင်ပင်သာတာနဲ့ မြန်အောင်က မအိဆည်ရေကာတာတွေဟာလည်း ကြံ့ခိုင်မှု အားနည်းတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး အရေးပေါ် ပြုပြင်မှုတွေ လုပ်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013