DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်တွင် မိုးသည်းထန် ရေကြီးမှုကြောင့် လူ ၃၀၀ ကျော် သေဆုံး
DVB
·
August 19, 2025
ပါကစ္စတန်တွင် မိုးသည်းထန် ရေကြီးမှုကြောင့် လူ ၃၀၀ ကျော် သေဆုံး
Donate to DVB

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ သြဂုတ် ၁၅ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၃၄၁ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အနောက်မြောက်ပိုင်း ခိုက်ဘာပက်ရှ်တွန်ခွာပြည်နယ်ရဲ့ ဘူးနာခရိုင်မှာ သေဆုံးသူပေါင်း ၂၀၀ ကျော် ရှိပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂၈ ယောက်နဲ့ ကလေးငယ် ၂၁ ယောက် ပါဝင်တယ်လို့ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ကနေ သိရပါတယ်‌။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြောက်ပိုင်းခရိုင်အချို့မှာ ပျက်စီးဆုံးရှုံးခဲ့ပြီး ရုတ်တရက် ရေကြီးမှုကြောင့် သေဆုံးသူအများစုရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ကနေ သိရပါတယ်‌။

တောင်ကုန်းဒေသတွေမှာ ရေလွှမ်းမိုးမှုကြောင့် နေအိမ်တွေ၊ အဆောက်အအုံတွေ၊ မော်တော်ယာဉ်တွေနဲ့ ကိုယ်ပိုင်ပစ္စည်းတွေလည်း မျောပါသွားခဲ့ပြီး ဘူးနာခရိုင်ဟာ ထိခိုက်မှု အပြင်းထန်ဆုံး ဖြစ်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္လာနေ့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားထားရပြီး နာရီအတော်ကြာမှ ရေဘေးသင့်ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေးနဲ့ အထောက်အပံ့ပေးရေး  လုပ်ငန်းတွေကို ပြန်လည်စတင်ခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရအရာရှိ အဘစ်ဝါဇီယာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

လူ ၁၁ ယောက် သေဆုံးခဲ့ရတဲ့ ဆွာဘီခရိုင် အပါအဝင် အနောက်မြောက်ပိုင်း ပြည်နယ်ရှိ ဧရိယာတွေမှာ တနင်္လာနေ့က မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရုတ်တရက် ရေကြီးမှုတွေ ထပ်ကြုံခဲ့ရကြောင်း ခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ထံမှ သိရပါတယ်။

ရပ်ရွာတခုလုံး ထိခိုက်ပျက်စီးခဲ့ရပြီး ဘေးဒဏ်သင့် ဒေသတွေဆီ အရောက်သွားနိုင်ဖို့ကလည်း အခက်အခဲတွေ ရှိနေတာကြောင့် ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး လုပ်ဆောင်မှုတွေ ရုန်းကန်နေရပါတယ်။

ဘေးသင့်ဒေသတွေဆီကို အစားအသောက်၊ ဆေးဝါး၊ စောင်၊ ရွက်ဖျင်တဲတွေ၊ လျှပ်စစ်ဓာတ်အားပေးစက်နဲ့ ရေစုပ်ပန့်စက်တွေ အပါအဝင် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဇွန်လနှောင်းပိုင်းမှစပြီး ပါကစ္စတန်နိုင်ငံတဝန်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၆၆၀ လောက် သေဆုံးခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013