DVB Logo
Home
မြန်မာသတင်း
မယ်လ ဒုက္ခသည်စခန်း၌ လူသတ်မှု ကျူးလွန်ပြီး ထွက်ပြေးသွားသည့် တရားခံကို ဖမ်းမိ 
DVB
·
August 18, 2025
မယ်လ ဒုက္ခသည်စခန်း၌ လူသတ်မှု ကျူးလွန်ပြီး ထွက်ပြေးသွားသည့် တရားခံကို ဖမ်းမိ 
Donate to DVB

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာစစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်နေတဲ့ မယ်လ ဒုက္ခသည်စခန်းမှာ  သားအမိ ၂ ယောက်ကို ဓားနဲ့ခုတ်ပြီး ထွက်ပြေးသွားတဲ့ တရားခံကို နယ်စပ်သောင်ရင်းမြစ် အနီးမှာ ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီး အရေးယူလိုက်ပါတယ်။

ဩဂုတ် ၁၄ ရက် ညနေပိုင်းက  မယ်လဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီး တယောက်နဲ့ သူ့ရဲ့ သမီးဖြစ်သူတို့ကို  အသက် ၃၀ အရွယ် ကရင်အမျိုးသား စောချပီးလေ့က ဓားနဲ့ ခုတ်သတ်ပြီးနောက် စခန်းအပြင်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။

စောချပီးလေ့ကို စခန်းအတွင်းက လုံခြုံရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဌာနဆိုင်ရာတို့က ပူးပေါင်းရှာဖွေရာ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်အနီး ဒေသခံပြည်သူတွေရဲ့ သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့တာပါ။ 

ဘာကြောင့် အခုလို လူသတ်မှု ကျူးလွန်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။  တရားခံကိုတော့ ထိုင်းနိုင်ငံ တရားဥပဒေအတိုင်း အရေးယူနိုင်ဖို့ တာ့ခ်ခရိုင်၊ တာဆောင်ရမ်းမြို့မရဲစခန်းကို  ဩဂုတ်  ၁၇ ရက်‌မှာ  လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013