DVB Logo
Home
မြန်မာသတင်း
ဒေါ်မျိုးမျိုးအေး နှင့် STUM အဖွဲ့ဝင်များကို သြဂုတ် ၂၀ ရက် ရုံးထုတ်မည်၊ ၁ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီး
DVB
·
August 17, 2025
ဒေါ်မျိုးမျိုးအေး နှင့် STUM အဖွဲ့ဝင်များကို သြဂုတ် ၂၀ ရက် ရုံးထုတ်မည်၊ ၁ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီး
Donate to DVB

အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ကို သြဂုတ် ၂၀ ရက်မှာ ရုံးထုတ်ဖို့ရှိတယ်လို့ အဲဒီအဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ယောက်ဟာ  ဇူလိုင်လကုန်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံရကာ စစ်ကြောရေးကိုပို့ခံရပြီး အဲဒီကနေပြန်လွှဲလိုက်လို့ သြဂုတ် ၇ ရက်မှာ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေက ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) တို့နဲ့ အမူဖွင့်ထားတာ ဖြစ်ပါတယ်။

သူတို့ကို အဲဒီနေ့မှာ ချုပ်ရီမာန်ပေးပြီး ဆက်လက်ထိန်းသိမ်းထားကာ သြဂုတ် ၂၀ ရက်ကို ရုံးချိန်းပေးထားတာလို့ STUM အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

"လာမဲ့ရုံးချိန်းမှာ ဆုံးဖြတ်မယ်ဆိုရင်တော့ ပြန်လွှတ်မယ်လို့ မျှော်လင့်ရတယ်။ ပြီးရင် ခြေချုပ်ဥပဒေအတိုင်း နေရမယ့်သဘော။”

၁၉၆၁ ပြစ်မူကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ၅(၁)(စ)(ဆ) အရ ပြစ်ဒဏ်ချခံရမယ်ဆိုရင် အမြင့်ဆုံးတနှစ်အထိ ခံဝန်ချုပ် ချုပ်ဆိုရမှာဖြစ်ပြီး အဲဒီကာလအတွင်း ပြစ်မှုကင်းရှင်းစွာနေထိုင်ကြောင်း တရားရုံးထံ ပုံမှန်တင်ပြသွားရမယ်လို့ အထက်တန်းရှေ့နေတယောက်က ပြောပါတယ်။

ဒါ့အပြင် ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မူဇုန်ရှိ Wanxinda Travel & Goods ပိုင်ရှင် ဇော်သီဟနိုင်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄၀၊ ၄၁ တို့နဲ့ ရွှေပြည်သာမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာကို ကြားထားပေမဲ့ အဲဒီအမှုနဲ့ ပတ်သက်ပြီး ရုံးတင်တာမရှိသေးဘူးလို့ STUM က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ဒေါ်မျိုးမျိုးအေး၊ မသင်းထက်စံ၊ မစုမြတ်နွယ်၊ မောင်သီဟ၊ မောင်ဇော်ထိုက်၊ မောင်ကျော်သက်နိုင်၊ မောင်ဇော်ဆန်းနိုင်တို့ကို ၁၉၆၁ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ် နှင့် ခံဝန်အက်ဥပဒေပုဒ်မ၅ (၁)(စ)(ဆ) နဲ့ ရွှေပြည်သာရဲစခန်းက အမှုဖွင့်ထားတာဖြစ်ပြီး မဟေမာန်ဦးကို အင်းစိန်ရဲစခန်းနဲ့ မဂျွန်တူးမောင်ကို မြောက်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းတို့မှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။

သူတို့နဲ့အတူ ရုံးဝန်ထမ်းဖြစ်တဲ့ ကိုဖြိုးလွင်မှာ ဇူလိုင် ၂၆ ရက်က နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်ခံရပြီး သူ့ကိုက စစ်မူထမ်းဖို့ ခေါ်သွားတာလို့ STUM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို ဖမ်းဆီးထားတဲ့ ဒေါ်မျိုးမျိုးအေးအပါအဝင် ၁၀ ယောက်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ STUM အဖွဲ့နဲ့အတူ ပြည်တွင်းပြည်ပ အလုပ်သမားအဖွဲ့တွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013