DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် ဧရာဝတီက လူငယ်များကို စစ်မှုထမ်းအပတ်စဥ် ၁၆ အတွက် သင်တန်းကျောင်းပို့
DVB
·
August 17, 2025
ရန်ကုန်နှင့် ဧရာဝတီက လူငယ်များကို စစ်မှုထမ်းအပတ်စဥ် ၁၆ အတွက် သင်တန်းကျောင်းပို့
Donate to DVB

စစ်ကောင်စီက ရန်ကုန်နဲ့ ဧရာဝတီက လူငယ်တွေကို စစ်မှုထမ်းအပတ်စဥ် ၁၆ အတွက် သြဂုတ် ၁၆ ရက်က စတင်ကာ သင်တန်းကျောင်းတွေ ပို့နေတယ်လို့ သင်တန်းကျောင်းအခြေစိုက်ရာ မြို့နယ်တွေက သိရပါတယ်။

ဧရာဝတီတိုင်း ပုသိမ်တပ်နယ် နယ်မြေခံတပ်ရင်းကို သြဂုတ် ၁၆ ရက် နေ့လယ် ၂ နာရီခွဲက စစ် ယာဥ်တန်း ၁၃ စီးနဲ့ လူငယ်တွေကို လာရောက်ပို့ဆောင်ခဲ့တယ်လို ပုသိမ်မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“ကားပေါ်မှာ လူငယ်တွေ အကုန်လုံးကို ထိုင်ခိုင်းထားပြီး စစ်သားတွေက သေနတ်နဲ့ချိန်ပြီး လိုက်လာတာ။ လမ်းမှာထွက်ပြေးရင် ပစ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့လိုက်လာတာ။ လာပို့တဲ့ကား ၁၃ စီးလောက်ရှိမယ်။” 

ပုသိမ်တပ်နယ်မှာ ရောက်နေတဲ့လူငယ်တွေကို နောက်ရက်မှာ  လူခွဲကာ ပုသိမ်အခြေစိုက် စခတ ၆ (ရွှေမြင်တင်) နဲ့ အင်္ဂပူအခြေစိုက် တကက ၅ (ကွင်းကောက်) ကို ပြန်လည်ပို့ဆောင်တာလို့ ဆိုပါတယ်။

သြဂုတ် ၁၅ ရက်မနက်ကလည်း ရန်ကုန် လှည်းကူးမြို့အခြေစိုက် စခတ ၁ (မင်းကုန်း) သင်တန်းကျောင်းကို လူငယ် ၃၀၀ ကျော် စစ်ကောင်စီတပ်တွေက ပို့ဆောင်ခဲ့တယ်လို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။

“မင်းကုန်းက စခတ ၁ ကို ၁၅ ရက်နေ့ မနက်ကတည်းက စစ်ကားတွေနဲ့ပို့တာ။ လာပို့တာပဲ ရှိသေးတာ၊ သင်တန်းကမစသေးဘူး။ သင်တန်းဖွင့်ရင် သိသာတယ်၊ လူကြီးလမ်းကြောင်းရှိလို့ လမ်းဘေးဆိုင်တွေ ပိတ်ရတဲ့နေ့က သင်တန်းဖွင့်ရက်တွေပဲ။” 

လစဥ် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြိုနယ် ၄၅ မြို့နယ်နဲ့ မြို့ပေါင်း ၂၀ က လူငယ်တွေကို စစ်ကောင်စီက  ဘုရင့်နောင်စစ်ကြောရေးစခန်းကို အရင်ပို့ဆောင်ပြီး အဲကနေ  စခတ ၁ (မင်းကုန်း) တကက ၁ (ဂျိုးဖြူ)၊ ခလက (ရဲမွန်) နဲ့ တကအ (ရဲမွန်) သင်တန်းကျောင်းတွေကို ပို့ဆောင်နေတာပါ။

ဒီလမှာတော့ ရန်ကုန်နဲ့ဧရာဝတီက  အခြားပြည်နယ်နဲ့ တိုင်းတွေထက် လဝက်လောက်ကြိုတင်ပြီး စစ်မှုထမ်းအပတ်စဥ် ၁၆ အတွက် လူငယ်တွေကို သင်တန်းကျောင်းတွေ ပို့ဆောင်နေတာပါ။

လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်ပြန်ခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆို အပတ်စဥ် ၁၇ အထိ ရောက်လာပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013