DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် မွေးနေ့ပါတီပွဲတွင် မူးယစ်ဆေးသုံးသည့် မြန်မာ ၄၁ ဦး ဖမ်းဆီးခံရ 
DVB
·
August 17, 2025
ဘန်ကောက် မွေးနေ့ပါတီပွဲတွင် မူးယစ်ဆေးသုံးသည့် မြန်မာ ၄၁ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က ကေတီဗွီဆိုင်တခုမှာ လုပ်တဲ့ မွေးနေ့ပွဲမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ မြန်မာ ၄၁ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ 

လတ်တလော ထိုင်းနိုင်ငံမှာ NO Drugs NO Dealers ဆိုတဲ့ စီမံချက်နဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး ဆောင်ရွက်နေတာမှာ ဩဂုတ် ၁၆ ရက် မနက် ၄ နာရီလောက်ကလည်း ဘန်ကောက်မြို့လယ် ဝမ်ထောင်းလန်နယ်မြေ ဖပ်ဖလားရပ်ကွက် ဟိုတယ်ကြီးတခုဘေးက လမ်းကြားထဲမှာ ဖွင့်လှစ်ထားတဲ့ ကေတီဗွီကာရာအိုကေ ဆိုင်တဆိုင်ကိုပါ သတင်းအရ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဝမ်ထောင်းလန်နယ်မြေ ရဲစခန်းတာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ဆိုင်ထဲဝင်ရောက်သွားချိန် အထဲမှာ သောက်စားပျော်ပါးနေသူ အယောက် ၆၀ ခန့် တွေ့ရှိတယ်။ သူတို့ကို ဆီးစစ်ရာမှာ အမျိုးသား ၂၆ ယောက်၊ အမျိုးသမီး ၁၅  ယောက်၊ စုစုပေါင်း ၄၁ ယောက်မှာ ခရမ်းရောင်ပေါ်နေတာကြောင့် မူးယစ်ဆေးဝါးသုံးစွဲထားတာ သိရတယ်လို့ ဆိုပါတယ်။ 

ဆက်လက်စစ်ဆေးရာမှာ ၄၁ ယောက်လုံး မြန်မာနိုင်ငံသားတွေဖြစ်ပြီး အဲဒီမှာကျင်းပတဲ့ အပေါင်းအဖော်တယောက်ရဲ့  မွေးနေ့ပွဲကို လာရောက်ကြတာလို့ ဆိုပါတယ်။ 

ဒါ့အပြင် အိမ်သာရှေ့မှာလည်း အီးစီးကရက်ဆေးရည်ဖြည့်ဘူး ၄ ဘူးတွေ့ရှိတယ်၊ ပိုင်ရှင်မပေါ်ဘူး။ ဆိုင်ထဲမှာ အရက်ပါရောင်းချပြီး အဲဒီဆိုင်ကိုလည်း တရားဝင်မှတ်ပုံတင်နဲ့ ဖွင့်လှစ်ထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

ဒါကြောင့် တာဝန်ရှိသူတွေက ဆိုင်ပိုင်ရှင် ထိုင်းလူမျိုး နိုင်းပဖန်းကွန်း ခေါ် ဖုန်း (အသက် ၄၈ နှစ်) ကို ခွင့်ပြုချက်မရဘဲ ကာရာအိုကေဆိုင်ဖွင့်မှု၊ အရက်ရောင်းချမှုတွေနဲ့ အရေးယူသွားမယ်လို့  တာဝန်ရှိသူက ပြောပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံသားတွေကိုလည်း မူးယစ်ဆေးသုံးစွဲကြောင်း ထပ်မံစစ်ဆေးအတည်ပြုဖို့ ဆေးရုံခေါ်သွားပြီး ဝမ်ထောင်းလန်ရဲစခန်းမှာ မူးယစ်မှုနဲ့ ဆက်လက်အရေးယူသွားမယ်လို့ တာဝန်ရှိသူကပြောကြောင်း Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: Khaosod

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013