DVB Logo
Home
မြန်မာသတင်း
စစ်တပ် ဝေါလေဗျူဟာကို KNLA တပ်ပေါင်းစု တိုက်ခိုက်
DVB
·
August 15, 2025
စစ်တပ် ဝေါလေဗျူဟာကို KNLA တပ်ပေါင်းစု တိုက်ခိုက်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်တပ်ရဲ့ ဝေါလေဗျူဟာကို  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်ပြီး တော်လှန်ရေး တပ်ပေါင်းစုတွေက ဝိုင်းဝန်းပိတ်ဆို တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်ထန်းနေတယ်လို့ ကရင် ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းလောက်က စစ်တပ်ရဲ့ ဥကရစ်ထစခန်းကို KNLA ဦးဆောင်ပြီး တော်လှန်ရေးတပ်ပေါင်းစုတွေက အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ဆက်လက်ပြီး ဝေါလေဗျူဟာကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာပါ။

မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က “ဝေါလေက တိုက်နေတယ်။ ရဲဘော်တွေလည်း ထိတဲ့သူထိတယ်။ လက်ရှိအခြေအနေတွေက ပြောလို့တော့ မရသေးဘူး။ စခန်းက ကြီးတယ်” လို့ ပြောပါတယ်။

တိုက်ပွဲ ပြင်းထန်နေတာကြောင့် စစ်တပ်ဘက်က လက်တကမ်းအကွာကနေ လက်နက်ကြီးတွေနဲ့ ခုခံနေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာလည်း စစ်တပ်က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံနေရတာကြောင့် ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လေကြောင်းကနေ ထောက်ပို့နေရပါတယ်။

တိုက်ပွဲကြောင့် ဝေါ်လေကျေးရွာနဲ့ ဥကရစ်ထကျေးရွာက ဒေသခံပြည်သူ ၃,၀၀၀ ကျော်ဟာ သောင်ရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံတွင်းနဲ့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်တပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် တောတောင်တွေထဲ ပြေးလွှားနေရတဲ့ စစ်ဘေးရှောင်တွေဟာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) အတွင်းရေးမှူး ၂ နော်အဲ့တဖွီဖောက ပြောပါတယ်။

“တောထဲက စစ်ဘေးရှောင်တွေက ပြေးလွှားနေရတယ်။ အစားအသောက်ပဲဖြစ်ဖြစ် ခိုလှုံနေရတဲ့နေရာဖြစ်ဖြစ် အခက်အခဲတွေနဲ့ ကြုံနေရတယ်။”

ဇူလိုင် ၃ ရက်နဲ့ ၄ ရက်မှာ စစ်တပ်က ဝေါလေမြိုင်ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ ‌ဒေသခံတယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013