
နယူးကာဆယ်အသင်းဟာ အက်စ်တန်ဗီလာကွင်းလယ်လူ ဂျက်ကောရမ်စ်ဆေးကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမူရရှိသွားပါတယ်။
အသက် ၂၄ နှစ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ၂၀၁၆ ခုနှစ်ကတည်းက ဗီလာအသင်းဆီ ရောက်ရှိနေသူဖြစ်ပြီး အသင်းကြီးနဲ့အတူ ၅ ရာသီဆက်တိုက် ခြေစွမ်းပြသနိုင်ခဲ့သူပါ။
မနှစ်ကရာသီကလည်း ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၄ ဂိုးသွင်း ၅ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ခဲ့သူပါ။
နယူးကာဆယ်ဟာ ရမ်စ်ဆေးအတွက် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက ဆွေးနွေးခဲ့ပြီး အဆုံးသတ်မှာ ပေါင်သန်း ၄၀ နဲ့ သဘောတူညီမှုရရှိခဲ့တာပါ။
ဗီလာနဲ့ နယူးကာဆယ်တို့ဟာ ပရီးမီးယားလိဂ်အဖွင့်မှာ တွေ့ဆုံနေပြီး ရမ်ဆေးစ်အနေနဲ့ အဲဒီပွဲအမီ ပါဝင်ကစားနိုင်ဖို့တော့ မသေချာသေးပါဘူး။
နယူးကာဆယ်ဟာ နော်တင်ဟမ်တိုက်စစ်ကစားသမား အီလန်ဂါနဲ့ အေစီမီလန် နောက်ခံလူ မာလစ်ခ်သီသောကိုလည်း ခေါ်ယူထားပြီး အီဆက်ခ်ထွက်ခွါဖြစ်ရင် အရန်သင့်အသုံးပြုနိုင်မယ့် တိုက်စစ်မှူးတယောက်လည်း ရှာဖွေနေပါတယ်။
Photo:Reuters










