DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က ဒေါ်လာ ၃၂ သန်း ထပ်မံရောင်းချ
DVB
·
August 14, 2025
ဗဟိုဘဏ်က ဒေါ်လာ ၃၂ သန်း ထပ်မံရောင်းချ
Donate to DVB

စစ်တပ် လက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်ကို ဩဂုတ်လထဲမှာ ဒုတိယအကြိမ်အဖြစ် ထပ်မံရောင်းချမယ်လို့ ကြေညာပါတယ်။

ဩဂုတ် ပထမသီတင်းပတ်အတွင်းမှာလည်း ဒေါ်လာထုတ်ရောင်းမှု တကြိမ်ရှိပြီး ဖြစ်သလို၊ ဒီတကြိမ်နဲ့ဆိုရင် နှစ်ပတ်အတွင်း ထုတ်ရောင်းခဲ့တဲ့ ပမာဏဟာ စုစုပေါင်း ၆၂ သန်းအထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာဈေးဟာ ဩဂုတ် ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ တဒေါ်လာကို ကျပ် ၄,၄၀၀ ဝန်းကျင်ရှိ‌နေပြီး လွန်ခဲ့တဲ့ ဇန်နဝါရီလလယ်ပိုင်းက  ကျပ် ၄,၈၀၀ ဝန်းကျင်ကနေ တဖြည်းဖြည်း ဈေးပြန်ကျဆင်းလာတာ ဖြစ်ပါတယ်။

ဒေါ်လာဈေး ပြန်ကျဆင်းလာပေမဲ့ ရန်ကုန်အထိုင် ဓာတ်ဆီဈေးကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထက် တလီတာကို  ၆၀ ကျပ်ခန့် မြင့်တက်လာပါတယ်။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ဖို့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ Online Trading Platform ကို အသုံးပြုပြီး ဒေါ်လာထုတ်ရောင်းမှုတွေ ဆက်တိုက် ပြုလုပ်နေတာပါ။

ဗဟိုဘဏ်ရဲ့ Online Trading စနစ်အရ ဩဂုတ် ၁၃ ရက်နေ့မှာ အရောင်းအဝယ် ပြုလုပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက ကျပ် ၃,၆၂၃ ရှိခဲ့ပြီး တဖြည်းဖြည်း မြင့်တက်လာတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013