DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်
DVB
·
August 14, 2025
အမျိုးသမီးစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်
Donate to DVB

စစ်တပ်အတွက် စစ်မှုထမ်းတပ်သားသစ်တွေ စုဆောင်းရာမှာ အမျိုးသမီးစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ စတင်ဖွင့်နေပြီဖြစ်ကြောင်း Myanmar Defense & Security Institute - MDSI ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

MDSI ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တပ်တွင်းသတင်းရင်းမြစ်တယောက်ရဲ့ အတည်ပြု ပြောဆိုချက်ကို ဖော်ပြထားပြီး စစ်တပ်က ပြည်သူ့စစ်မှုထမ်း (အမျိုးသမီး) သင်တန်းကို မှော်ဘီမြို့အခြေစိုက် အမှတ် ၄ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရကသ-၄) မှာ ဖွင့်လှစ်နေတာလို့ ဖော်ပြပါတယ်။

အမျိုးသမီး စစ်မှုထမ်းသင်တန်းကို သတင်းပေါက်ကြားမှုမရှိအောင် တင်းတင်းကျပ်ကျပ် ထားရှိလုပ်ဆောင်နေတာလို့လည်း  ထုတ်ပြန်ထားပါတယ်။

ရကသ-၄ က အမျိုးသမီးတပ်ကြပ်ကြီး/အမျိုးသမီးစာရေးသင်တန်းနဲ့ အမျိုးသမီး အခြေခံ တပ်သားသစ်သင်တန်းကို ပုံမှန်ဖွင့်လှစ် လေ့ကျင့်ပေးနေတဲ့ အမျိုးသမီး စစ်သင်တန်းကျောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၂၅ နှစ်အစပိုင်းကတည်းက ရန်ကုန်ရဲ့ မြို့နယ်တချို့မှာ အသက်ပြည့်ပြီးသား အမျိုးသမီး လူငယ်တွေရဲ့ အသက်အရွယ်၊ ပညာအရည်အချင်းနဲ့ နောက်ခံအချက်အလက်တွေ လိုက်လံကောက်ယူနေခဲ့ကြောင်း DVB ကို နီးစပ်သူတွေနဲ့ ကာယကံရှင်မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သိရှိထားပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ အမျိုးသားစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ ပြီးစီးလို့ အပတ်စဉ် ၁၆ အတွက် တပ်သားသစ် စုဆောင်းတာတွေ စတင်လုပ်ဆောင်ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013