DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ခြံအလုပ်သမား ၃၀, ၀၀၀  အရေးပေါ်လိုအပ်၊ လုပ်အားခ တရက် ဘတ် ၇၀၀ ရမည်  
DVB
·
August 14, 2025
ထိုင်းတွင် ခြံအလုပ်သမား ၃၀, ၀၀၀  အရေးပေါ်လိုအပ်၊ လုပ်အားခ တရက် ဘတ် ၇၀၀ ရမည်  
Donate to DVB

ထိုင်း - ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခဖြစ်ပွါးပြီးတဲ့နောက် ထိုင်း‌ရောက်ကမ္ဘောဒီးယား ရွေ့ပြောင်းလုပ်သားတွေ သောင်းနဲ့ချီနေရပ်ပြန်ကုန်ကြတဲ့အတွက် ထိုင်းနိုင်ငံမှာ အလုပ်သမားရှားပါးမှု အခက်အခဲနဲ့ ကြုံတွေ့  နေရပါတယ်။

အထူးသဖြင့်  ကမ္ဘောဒီးယားနယ်စပ် ကျန်ထပူရီခရိုင်၊ သစ်သီးခြံတွေမှာ လမ်းယိုင်းသီး ဆွတ်ခူးဖို့ ထိုင်းအလုပ်သမား ၃၀,၀၀၀ ကျော် အရေးပေါ်လိုအပ်နေတယ်လို့ ပြည်သူ့ပါတီရဲ့ ကျန်ထပူရီ လွှတ်တော်အမတ် ယန်ထိချားဘိုးဖိန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြ ပါတယ်။

သစ်သီးခြံမှာ အလုပ်လုပ်ရမယ့်ကာလဟာ ဒီ ၂၀၂၅ ခုနှစ် ဩဂုတ်မှ လာမယ့်  ၂၀၂၆ ခုနှစ် ဧပြီလထိ ၉ လတာ ကြာမြင့်မှာဖြစ်တယ်။

လျှောက်ထားလိုတဲ့ အလုပ်သမားတွေဟာ ကျား/ မ မရွေး အသက်အရွယ်မရွေး ၊ လုပ်ငန်း တတ်မြောက်ကျွမ်းကျင်စရာမလိုဘဲ သင်ယူလိုစိတ်၊ ကြိုးစားမှုနဲ့ သည်းခံနိုင်မှုသာရှိရမှာ ဖြစ်ပြီး လုပ်ငန်းတတ်မြောက်အောင် သင်ကြားပေးမှာဖြစ်တယ်၊ မိမိရဲ့ အရည်အချင်း လုပ်ရည်ကိုင်ရည် ကိုလိုက်ပြီး နေ့စား လုပ်အားခ ဘတ် ၇၀၀ မှ ၁၃၀၀ ထိ ရရှိမှာဖြစ်သလို နေစရာလည်း အခမဲ့ စီစဉ်ပေးမယ်လို့ဆိုပါတယ်။

အဆိုပါသစ်သီးခြံက အလုပ်သမားတွေမှာ ၁၀၀ ရာခိုင်နှုန်းက ကမ္ဘောဒီးယားလုပ်သားတွေ ဖြစ်ပြီး အားလုံးနီးပါး နေရပ်ပြန်ကုန်တာကြောင့် လက်ရှိ ဝင်းမှည့်နေပြီဖြစ်တဲ့ လမ်းယိုင်းသီးတွေ ဆွတ်ခူးဖို့ အလုပ်သားဦးရေ ၃၀,၀၀၀ ကျော် အရေးပေါ်လိုအပ်နေတာလို့  ချနယ်လ် ၇ ထိုင်းရုပ်သံသတင်းက ဩဂုတ် ၁၂ ရက်မှာ သတင်းထုတ်လွှင့်သွားပါတယ်။

ကမ္ဘောဒီးယားလုပ်သားတွေ နေရပ်ပြန်လို့ အလုပ်သမားရှားပါးမှုပြဿနာကို ကြုံနေရတာဟာ ကျန်ထပူရီခရိုင်တခုတည်းမဟုတ်ဘဲ တခြားခရိုင်က စက်ရုံအလုပ်ရုံ ၊ ‌ရေလုပ်ငန်းနဲ့ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေမှာလည်း အလုပ်သမားပြတ်လပ်တဲ့ပြဿနာ ကြုံနေရတယ်လို့ ထိုင်းသ တင်းတွေမှာ ဖော်ပြပါတယ်။ 

Source : CH 7 Thai TV News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013