DVB Logo
Home
မြန်မာသတင်း
တလုပ်မြို့ရှိ စစ်တပ်စခန်းကို PDF ပစ်ခတ်၊ စစ်သား ၈ ဦးထက်မနည်း သေဆုံး
DVB
·
August 13, 2025
တလုပ်မြို့ရှိ စစ်တပ်စခန်းကို PDF ပစ်ခတ်၊ စစ်သား ၈ ဦးထက်မနည်း သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ပေါ်မှာ အထိုင်ချနေထိုင်တဲ့ စစ်တပ်စခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပါအဝင် မဟာမိတ် ပူးပေါင်းအဖွဲ့တွေက ဩဂုတ် ၉ ရက် မနက် ၆ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို CDSOM (ဗိုလ်စင်္ကြာစစ်ကြောင်း)၊ PDF (Taloke) နဲ့ နယ်မြေခံအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းက ရဲဘော်စမာက “တလုပ်မြို့ထဲက စစ်ကောင်စီ အထိုင်စခန်းတွေကို ကျနော်တို့ မနက်ခင်း ၆ နာရီခန့်မှာ စစ်ကြောင်း ၃ ကြောင်းနဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်ဗျ။ တိုက်ပွဲချိန်က မနက် ၆ နာရီကနေ ညနေ ၃ နာရီထိ တိုက်ပွဲကြာချိန် ၈ နာရီ ကြာမြင့်ခဲ့တယ်ဗျ။ စကစဘက်က အထိနာလို့ ဟောင်ဝစ်ဇာ အလုံး ၃၀ အထက် ပစ်ခတ်တယ်ဗျ။ ဂျိုင်လိုကော်ပရာ‌လို့ခေါ်တဲ့ လေယာဉ် ၃ စီးနဲ့လည်း ဗုံးသီး ၁၂ လုံး ကြဲချခဲ့‌သေးတယ်ဗျ။ Mi 35‌ လေယာဥ်နဲ့လည်း ပစ်ခတ်ခဲ့လို့ ကျနော်တို့ ရဲဘော် ၄ ယောက် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ ကျနော်တို့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၈ ဦးထက်မနည်း ထိခိုက်သေဆုံးတယ်” လို့ ပြောပါတယ်။

ဒေသခံတွေကတော့ နှစ်ဖက် ပစ်ခတ်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။

ဒေသခံတယောက်က “စခန်းသိမ်းတိုက်ပွဲလို့တော့ သတင်းကြိုသိထားရလို့ အရင်ကြိုရှောင်လာနိုင်ခဲ့တယ်။ အခုထိတော့ ရွာထဲမဝင်ရသေးဘူး။ စစ်တပ်က စစ်ရှုံးပြီးတော့ ကျနော်တို့ အရပ်သားတွေရဲ့ လူ‌နေအိမ်တွေလည်း မီးရှို့သေးတယ်။ အရေးပေါ် ထွက်ပြေးခဲ့ရတာဆိုတာ့ ဆေးကုသဖို့ ဆေးဝါးနဲ့ စားသောက်ဖို့ရာ စားနပ်ရိက္ခာတွေလည်း လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

အဆိုပါ တလုပ်မြို့က စစ်တပ်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က စခန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်က လေကြောင်းစစ်ကူ အပါအဝင် မြင်းခြံဘက်က လက်နက်ကြီးတွေနဲ့လည်း ပစ်ကူပေးတာကြောင့် အပြီးသတ် စခန်းမသိမ်းပိုက်နိုင်ခဲ့တာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013