DVB Logo
Home
မြန်မာသတင်း
ရခိုင်ကမ်းရိုးတန်းတွင် စစ်သင်္ဘော ၁ စင်း မီးလောင် နစ်မြုပ်
DVB
·
August 11, 2025
ရခိုင်ကမ်းရိုးတန်းတွင် စစ်သင်္ဘော ၁ စင်း မီးလောင် နစ်မြုပ်
Donate to DVB

ရခိုင်ကမ်းရိုးတန်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရေတပ် စစ်သင်္ဘောတစင်းဟာ ဩဂုတ် ၁၀ ရက် ညနေပိုင်းက ဂွမြို့နယ်အတွင်းမှာ မီးလောင်မှုဖြစ်ပွားပြီး နစ်မြုပ်ခဲ့တယ်လို့ ဂွဒေသခံတွေက ပြောပါတယ်။

နစ်မြုပ်သွားတဲ့ စစ်သင်္ဘောဟာ မနစ်မြုပ်ခင်မှာ ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ် ကျောက်ချွန်နဲ့ ဘောမိကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နာရီပိုင်းအတွင်းမှာ မီးလောင်မှု ဖြစ်ပွားကာ နစ်မြုပ်ခဲ့တာလို့ ဂွဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“အခုနစ်မြုပ်သွားတဲ့ စစ်သင်္ဘောက ရခိုင်ကမ်းရိုးတန်းမှာ စစ်ရေးလှုပ်ရှားနေတာ ဖြစ်တယ်။ မနေ့က မနစ်မြုပ်ခင်အထိ ကျောက်ချွန်နဲ့ ဘောမိကျေးရွာဘက်တို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီ ပစ်ခတ်နေတဲ့ လက်နက်ကြီးကျည် ပေါက်ကွဲပြီး မီးလောင်ပြီးတော့ သင်္ဘောနစ်မြုပ်သွားတာလည်း ဖြစ်နိုင်တယ်။ အသေးစိတ်တော့ မသိရဘူး။ သင်္ဘောပေါ်က မီးခိုးတွေ မြင်ရပြီးတော့ ဂွမြို့နယ် ကျွန်းနံ့သာအနီးမှာ နစ်မြုပ်နေတာ။”

အခုနစ်မြုပ်သွားတဲ့ စစ်သင်္ဘောဟာ လက်နက်ကြီးပစ်ခတ်မှု ပြုလုပ်နေစဉ် မီးလောင်မှုဖြစ်ပွားပြီး ဂွမြို့နယ်က ကျွန်းနံ့သာအနီးကို ကမ်းကပ်ဖို့ ကြိုးစားခဲ့ပြီးတော့ ကျွန်းနံ့သာနဲ့ မီတာ ၆,၅၀၀ ခန့် အကွာမှာ နစ်မြုပ်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

စစ်သင်္ဘောတွေဟာ ကမ်းရိုးတန်းမြို့နယ်တွေဖြစ်တဲ့ ဂွ၊ သံတွဲနဲ့ မာန်အောင်၊ ကျောက်ဖြူမြို့နယ် တို့မှာ အဓိက စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။

စစ်တပ်က ရခိုင်က မြို့နယ် ၁၄ ခု အပါအဝင် နိုင်ငံတဝန်း မြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ရခိုင်ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့နယ်တွေကို စစ်ရေးအရ ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်နေတာလည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်းကလည်း ရခိုင်ပြည်အတွင်းမှာ အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရေတပ်က စစ်သင်္ဘော ၇ စင်းထက်မနည်း နစ်မြုပ်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013