DVB Logo
Home
မြန်မာသတင်း
မအူပင်အကျဉ်းထောင် အာဏာပိုင်များက အကျဉ်းသားများကို ရိုက်နှက်နှိပ်စက်နေ
DVB
·
August 11, 2025
မအူပင်အကျဉ်းထောင် အာဏာပိုင်များက အကျဉ်းသားများကို ရိုက်နှက်နှိပ်စက်နေ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာရှိတဲ့ မအူပင်အကျဉ်းထောင် အာဏာပိုင်တွေဟာ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေကို အလုပ်တွေ အဆမတန်ခိုင်းပြီး ရက်ရက်စက်စက် ရိုက်နှက်နေတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မအူပင်အကျဉ်းထောင်က အာဏာပိုင်တွေက အလုပ်တွေ ခိုင်းတဲ့အခါ ကျန်းမာရေးမကောင်းလို့ မလုပ်နိုင်ကြောင်း တင်ပြပြောဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေကို ရက်ရက်စက်စက် ရိုက်နှက်ပြီး ဆေးကုသခွင့်လည်း မပေးဘူးလို့ မအူပင်အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

“အခုရက်ထဲ အရိုက်ခံရတဲ့သူတွေ မနည်းတော့ဘူး။ အလုပ်တွေ ကောင်းကောင်းမလုပ်လို့ ဆိုပြီး ရိုက်တာ။ ထောင်မှူးနဲ့ ဝန်ထမ်းတွေက ရိုက်တာ။ ကျန်းမာရေးကြောင့် မလုပ်နိုင်လို့ပါ ဆိုတာကို မရဘူး၊ ထောင်မှူးက ရိုက်ခိုင်းတာ။” 

လတ်တလော မအူပင်အကျဉ်းထောင်က အာဏာပိုင်တွေ ရိုက်နှက်တာခံရတဲ့ အကျဉ်းသား အယောက် ၂၀ ထက်မနည်းရှိပြီး ရိုက်နှက်လို့ ဒဏ်ရာရရှိတာကြောင့် ဆေးကုသခွင့်မပေးတဲ့အပြင် မိသားစုကိုပါ နေမကောင်းတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတွေ့ခွင့်မပေးဘူးလို့ ဆိုပါတယ်။

အကျဉ်းသားမိသားစုဝင်တယောက်က “ထောင်အရာရှိတွေက မူးလာရင် မူးလာသလို အကျဉ်းသားတွေကို ရိုက်တာ။ လူစစ်မယ်၊ လူစစ်မယ် တန်းစီဆိုပြီး ဟိုမေး ဒီဟောက် လုပ်ပြီး ရိုက်တာ။ အကျဉ်းသားတွေက အကျဉ်းထောင်အာဏာပိုင်တွေ အရက်မသောက်ထားတဲ့နေ့ပဲ စိတ်ချမ်းသာရတယ်။ ကောင်းကောင်းနေရတယ်” လို့ ပြောပါတယ်။

အကျဉ်းသားတွေအပေါ် ဥပဒေမဲ့ ရိုက်နှက်တာတွေ လုပ်နေတဲ့ မအူပင်အကျဉ်းထောင် အရာရှိတွေက ခရိုင်အဆင့်နဲ့ တိုင်းအဆင့် ဗဟိုအဆင့် အရာရှိတွေ စစ်ဆေးဖို့လာတဲ့နေ့လောက်မှ အကျဉ်းသားတွေအပေါ် ကောင်းမွန်စွာ ဆက်ဆံပြောဆိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစားအသောက်တွေကိုလည်း အကျဉ်းထောင်ကို အရာရှိတွေ လာစစ်ဆေးတဲ့နေ့လောက်မှ စနစ်တကျ ကျွေးမွေးတဲ့ပုံစံ ပြင်ဆင်ပြသထားပြီး ကျန်ရက်တွေမှာ အပြင်က မိသားစုပေးတဲ့ အစားအသောက်တွေပဲ အဓိက စားသောက်ရတယ်လို့ အကျဉ်းသားမိသားစုတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013