DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာတွင် သိန်းရာချီခိုးယူခံရမှုဖြစ်ပွားပြီး တရားခံများ မမိသေး
DVB
·
August 11, 2025
မြောက်ဥက္ကလာတွင် သိန်းရာချီခိုးယူခံရမှုဖြစ်ပွားပြီး တရားခံများ မမိသေး
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ခရပ်ကွက်၊ မြရတနာ ၃ လမ်းရှိ ဒေါ်စိန်ကုန်စုံဆိုင်မှာ သိန်း ၆၀၀ ကျော် တန်ဖိုးရှိ ရွှေထည်တွေ ခိုးယူခံခဲ့ရပေမဲ့ ၄ ရက်ကြာတဲ့အထိ မြောက်ဥက္ကလာ ရဲတပ်ဖွဲ့ဝင်တွေက တရားခံတွေကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဩဂုတ် ၇ ရက်၊ မနက် ၇ နာရီခွဲလောက်က ဆိုင်ကယ်စီးအမျိုးသား ၂ ယောက်က ဆိုင်ရှင် အမျိုးသမီးကြီးတယောက်တည်း ရှိနေချိန်မှာ ဈေးဝယ်ဟန်ဆောင်ပြီး ရွှေထည်ပစ္စည်းအစုံ ၈ ကျပ်သားကျော် ပါဝင်တဲ့ လက်ကိုင်အိတ်ကို ခိုးယူထွက်ပြေးသွားတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ရွှေလက်ကောက် ၃ ကွင်း၊ ရွှေတုံး ၁ ခဲ၊ ဆွဲကြိုးနဲ့ နားကပ်တွေ ပါတယ်။ အားလုံး ၈ ကျပ်သား ကျော်မယ်။ သုနန္ဒာလမ်းမ၊ အထက ၁ နားမှာ မှတ်ပုံတင် ၁ ခု ပြန်တွေ့တယ်။ သူခိုး ၂ ယောက်မှာ တယောက်က အသက် ၃၀ အရွယ်၊ တယောက်က အသက်နည်းနည်းကြီးမယ်၊ ကျန်တာတော့ အသေးစိတ်စစ်ဆေးနေဆဲပါ။ ဒီမနက်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး”လို့ ဆိုပါတယ်။

ခိုးယူခံရတဲ့ အဆိုပါ ဈေးဆိုင်ဘေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ကပ်လျက်ရှိနေသလို ကားမောင်း ၁ မိနစ် အကွာအဝေးမှာလည်း စစ်ကောင်စီရဲ့ မြို့နယ်ရဲတပ်‌ဖွဲ့မှူးရုံး ရှိနေပါတယ်။

မျက်မြင်တွေရဲ့ ပြောပြချက်အရ ရွှေထည်ခိုးယူသွားသူ‌တွေဟာ ရဲစခန်းအရှေ့က‌နေ ဆိုင်ကယ်ဖြတ်မောင်းသွားတာ ဖြစ်ပါတယ်။

ခိုးယူခံရချိန်မှာလည်း လျှပ်စစ်မီး ပြတ်တောက်နေတာကြောင့် ဈေးဆိုင်နဲ့ ရဲစခန်းတို့ စီစီတီဗွီတွေမှာ သူခိုးတွေရဲ့ မှတ်တမ်းမရရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013