DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် တပ်စွဲထားသည့်စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေ
DVB
·
August 10, 2025
တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် တပ်စွဲထားသည့်စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေ
Donate to DVB

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဗိုလ်ခရင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၇ ရက်နေ့ မွန်းလွဲ ၁နာရီ ၅ မိနစ်က စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်ခဲ့ပြီး ၁၅ မိနစ်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးတာကို မျက်မြင်တွေ့ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်က ၄၀ မမနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ရမ်းဖိုရွာက ကလေး ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြိတ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့ကလည်း ရမ်းဖိုရွာမှာ ဂိတ်ထွက်စစ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဗိုလ်ခရင်းတပ်ဖွဲ့ဝင် ရဲဘော်တယောက်က ပြောပါတယ်။

တနင်္သာရီမြို့နယ်၊ သိန်ခွန်းတိုက်ပွဲမှာ စစ်ကူပေးနေတဲ့ စစ်ကောင်စီတပ်ကကားတွေနဲ့ အဲဒီကားတွေကို လုံခြုံရေးယူပေးနေတဲ့ ရမ်းဖိုရွာအနီးက မြေပြင်စစ်ကြောင်းတွေကို ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013