DVB Logo
Home
နိုင်ငံတကာ
အမေရိကန်၏ အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံမှုက အိန္ဒိယစီးပွားရေး ထိခိုက်
DVB
·
August 10, 2025
အမေရိကန်၏ အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံမှုက အိန္ဒိယစီးပွားရေး ထိခိုက်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခွန် ၅၀  ရာခိုင်နှုန်းကောက်ခံမှုဟာ အိန္ဒိယနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု ရည်ရွယ်ချက်နဲ့ စီးပွားရေးတိုးတက်မှုကို များစွာထိခိုက်စေကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။

ထရမ့်ပ်ဟာ ရုရှားရေနံတွေ ဝယ်ယူနေတဲ့ အိန္ဒိယနိုင်ငံကို ဩဂုတ် ၆ ရက်မှာ အခွန် ၂၅ ရာခိုင်နှုန်း ထပ်တိုးသတ်မှတ်ခဲ့တာဖြစ်ပြီး ဒီအခွန်နှုန်း တိုးမြှင့်မှုကြောင့် ကျောက်မျက်ရတနာလုပ်ငန်း၊ အထည်လုပ်ငန်း၊ ကားအစိတ်အပိုင်းထုတ်လုပ်မှု စတဲ့ကဏ္ဍတွေမှာ ထိခိုက်မှုတွေ များပြားခဲ့ပါတယ်။

ဒီအခွန်နှုန်းထား တိုးမြင့်မှုဟာ ၂၁ ရက်အတွင်း အသက်ဝင်မှာဖြစ်ပြီး အမေရိကန်ကို တင်ပို့တဲ့ အိန္ဒိယကုန်ပစ္စည်းတွေဟာ တခြားတင်သွင်းသူတွေကြားမှာ အမြင့်ဆုံးဖြစ်နေပါတယ်။

အမေရိကန်ကို ပြီးခဲ့တဲ့နှစ်က တင်ပို့မှု ဒေါ်လာ ၁၀ ဘီလီယံရှိပြီး  အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး  ကျောက်မျက်ဈေးကွက် ဖြစ်ပါတယ်။

ဒါဟာ တကမ္ဘာလုံးကို အိန္ဒိယက ရောင်းချရတဲ့ ပမာဏနဲ့ ယှဉ်ရင် ၃၀ ရာခိုင်နှုန်းနီးပါးရှိတာ တွေ့ရပါတယ်။

ဒီလို အခွန်ကောက်ခံမှုများတာက အမေရိကန်ကို တင်ပို့တဲ့ တူရကီ၊ ဗီယက်နမ်၊ ထိုင်း စတဲ့ အခွန်နှုန်းထား လျော့တဲ့ နိုင်ငံတွေနဲ့ယှဉ်ရင် အိန္ဒိယရဲ့  ကျောက်မျက်တင်ပို့မှုလုပ်ငန်း ရပ်သွားနိုင်တယ်လို့ အိန္ဒိယနိုင်ငံရဲ့  ကျောက်မျက်ရတနာတင်ပို့မှု ကောင်စီက သတိပေးထားပါတယ်။

အထည်အလိပ်လုပ်ငန်းကလည်း အခွန်နှုန်း တိုးမြှင့်မှုတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၂၄ ခုနှစ်က အိန္ဒိယကုမ္ပဏီတွေက Walmart ၊ Target၊  Costco၊  Gap တို့လို အမေရိကန် ဖောက်သည်တွေကို ဒေါ်လာ ၂ ဘီလီယံဖိုး တင်ပို့ခဲ့ရပြီး ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာ ဒေါ်လာ ၁ ဘီလီယံ တင်ပို့ထားရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ကားပစ္စည်းထုတ်လုပ်မှုလုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ လျင်လျင်မြန်မြန် ကြီးထွားခဲ့ပါတယ်။

အမေရိကန်ဟာ အိန္ဒိယကားအပိုပစ္စည်းလုပ်ငန်းရဲ့ အကြီးဆုံး ပစ်မှတ်လည်း ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်က ကားပစ္စည်းတင်ပို့မှုဟာ ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ရှိခဲ့ပြီး ကားအစိတ်အပိုင်းနဲ့ ကုန်ကားငယ်လေးတွေအတွက် အခွန် ၂၅ ရာခိုင်နှုန်း ပေးချေရမှာဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013