
ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီး လွန်တမ်ကွမ်းဟာ ဇွန် ၁၃ ရက်မှာ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ဆီ ရောက်လာတယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဇွန် ၁၄ ရက်မှာ ဖော်ပြပါတယ်။
ဗီယက်နမ်ဝန်ကြီးနဲ့ ဝန်ကြီးဌာနရဲ့ ကိုယ်စားလှယ်တွေကို မြောက်ကိုရီးယား အရာရှိတွေက ကြိုဆို ခဲ့ပါတယ်။
လွန်တမ်ကွမ်းရဲ့ ပြုံယမ်းခရီးစဉ်အတွက် ရည်ရွယ်ချက်ကိုတော့ KCNA သတင်းက မဖော်ပြခဲ့ပါဘူး။
မေလမှာ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လေဟွိုင်ကျုံးဟာ ပြုံယမ်းမြို့တော်ဆီ သွားရောက် လည်ပတ်ခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်းဟွေနဲ့ ဆွေးနွေးခဲ့ပါသေးတယ်။
နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်း စေပြီး မဟာဗျူဟာမြောက် ဆက်သွယ်ရေးကို အားကောင်းအောင်လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။
Source:Reuters










