DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာလုပ်သား ၁၃၆, ၀၀၀ ရှိ၊  ဥပဒေချိုးဖောက်မှုရှိမရှိ လစဉ်စစ်ဆေးမည် 
DVB
·
August 8, 2025
ချင်းမိုင်တွင် မြန်မာလုပ်သား ၁၃၆, ၀၀၀ ရှိ၊  ဥပဒေချိုးဖောက်မှုရှိမရှိ လစဉ်စစ်ဆေးမည် 
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်မှာ စာရင်းရှိ  မြန်မာလုပ်သားဦးရေ အယောက် ၁၃၆ , ၀၀၀ ရှိပြီး အလုပ်သမား ဥပဒေချိုးဖောက်မှု ရှိမရှိကို ထိုင်းအာဏာပိုင်တွေက အနည်းဆုံး တလတကြိမ် ကွင်းဆင်းစစ်ဆေးမယ်လို့  ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်က ချင်းမိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ကျင်းပတဲ့ ရွှေ့ ပြောင်း အလုပ်သမားများအခြေအနေသုံးသပ်ရေး အစည်းအဝေးမှာ  တင်ပြပြောဆိုခဲ့ကြတာပါ။ 

လက်ရှိချင်းမိုင်ခရိုင်ထဲမှာ တရားဝင်အလုပ်သမားမှတ်ပုံတင်ရထားတဲ့  ၄ နိုင်ငံက ရွှေ့ပြောင်း လုပ်သား ၄၃, ၅၇၄ ယောက်ရှိတယ်၊ အဲဒီထဲမှာ ကမ္ဘောဒီးယားက ၁၈၈  ယောက်၊ လာအို အယောက် ၃၆၀  ၊ မြန်မာ ၄၃,၀၁၁ ယောက် နဲ့ ဗီယက်နမ် ၁၅ ယောက် ပါဝင်တယ်။

ဒါ့အပြင် ၂၀၂၅ ဇူလိုင် ၈ ရက်ထုတ်ပြန်ချက်အရ အလုပ်သမားမှတ်ပုံတင်ထားတဲ့ လူသစ်အမည်စာရင်းမှာ မြန်မာနိုင်ငံသား ၉၃ , ၃၀၅ ယောက် ရှိပြီး ခွင့်ပြုချက်ရပြီးရင် မြန်မာအလုပ်သမားဦးရေ အယောက် ၁၃၆ ,၀၀၀ ရှိလာမယ်၊ ဒါဟာ ထိုင်းမြောက်ပိုင်းခရိုင်မှာ အများဆုံးပဲလို့  ဆိုပါတယ်။

၂၀၂၅ ခုနှစ်အတွင်း နယ်မြေထဲရှိ လုပ်ငန်းခွင်မှာ အလုပ်သမားဥပဒေနဲ့ လျော်ညီမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့တာမှာ လုပ်ပိုင်ခွင့်မရှိတဲ့လုပ်ငန်းအမျိုးအစား ဝင်ရောက်လုပ်ကိုင်သူ  ၂၁၄ ယောက်၊ အလုပ်ရှင်ပြောင်းလဲတာကို အကြောင်းမကြားသူ ၁၁ ယောက်၊  အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို ငှါးရမ်းခန့်ထားတဲ့ အလုပ်ရှင် ၂၇ ယေက်၊ အလုပ်သမားနုတ်ထွက်သွားတာကို အကြောင်းမကြားတဲ့ အလုပ်ရှင် ၂၁၇ ယောက် တို့ကို အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ 

ရှေ့ဆက်ပြီး ဥပဒေနဲ့ညီညွတ်မှုမရှိတဲ့ လုပ်ငန်းခွင်တွေ အလုပ်သမားတွေကို အနည်းဆုံး တလတကြိမ် ကွင်းဆင်းစစ်ဆေးမယ်၊ အထူးသဖြင့်ထိုင်းနိုင်ငံသားတွေသာ လုပ်ပိုင်ခွင့်ရှိတဲ့ လုပ်ငန်းအမျိုးအစားမှာ ဝင်‌ရောက်လုပ်ကိုင်နေတာတွေ စစ်ဆေးအရးယူမယ်၊ တလတကြိမ် ထက်မကဘဲ အခြေအနေကိုလိုက်ပြီး ကွင်းဆင်းစစ်ဆေးသွားမယ်လို့ အစည်းအဝေးမှာ ဆုံးဖြတ်ကြပါတယ်။ 

ထိုင်းတနိုင်ငံလုံးမှာ ရွှေ့ပြောင်း အလုပ်သမားအခက်အခဲတွေကို  ကူညီဖြေရှင်းပေးတဲ့ စင်တာပေါင်း ၃၀ ဖွင့်လှစ်ထားပါတယ်။

ချင်းမိုင်ခရိုင်ကတော့ ချန့်ဖိုတ်ရပ်ကွက် ထိုင်းမြောက်ပိုင်းခြံ ထွက်သီးနှံရောင်းဝယ်ရေးဂိုဒေါင်  ၃ လွှာမှာ ဖွင့်လှစ်ထားပြီး ၂၀၂၅ ခုနှစ်အတွင်း အလုပ်သမား အယောက် ၂၉၃၀ ကိုကူညီခဲ့တယ်၊ အဲဒီထဲမှာလုပ်ငန်းခွင်တွင်းကြုံတွေ့ရတဲ့ အခက်အခဲတွေကို လာရောက်တိုင်ပင်လို့ အကြံပေးခဲ့တာက ၂၉၂၂ ယောက်၊   အလုပ်ရှင်က လုပ်အားခမရှင်းပေးတဲ့ပြဿနာ တယောက်နဲ့    အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြဿနာရှိသူ ၇ ယောက်တို့ကို ကူညီဖြေရှင်းပေးခဲ့တယ်လို့  အလုပ်သမားရုံးတာဝန်ရှိသူက ပြောသွားပါတယ်။ 

Source : Chiangmai News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013