DVB Logo
Home
နိုင်ငံတကာ

ချင်းမိုင်မြို့က လွိုင်ကထုံပွဲတော် မြင်ကွင်း (ဓာတ်ပုံသတင်း)

DVB
·
November 25, 2026
ချင်းမိုင်မြို့က လွိုင်ကထုံပွဲတော် မြင်ကွင်း (ဓာတ်ပုံသတင်း)
1 / 19
Photo : DVB
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၂၄ ရက်ညက ထိုင်းရိုးရာ လွိုင်ကထုံ မီးမျှော ပွဲတော်ကို ထိုင်းလူမျိုးတွေအပါအဝင် နိုင်ငံခြားခရီးသွားဧည့်သည်များစွာပါ ပါဝင်ဆင်နွှဲခဲ့ကြ ပါတယ်။

ဒီပွဲတော်ကိုတော့ ထိုင်းရိုးရာ ပြက္ခဒိန်အရ ၁၂ လမြောက်လရဲ့ လပြည့်နေ့မှာ ကျင်းပလေ့ရှိပြီး ထိုင်းနိုင်ငံရဲ့ နေရာအနှံ့မှာ ကျင်းပပြီး ထိုင်းနိုင်ငံသားတွေကြားမှာရော ကမ္ဘာလှည့်ခရီးသွားတွေ ကြားမှာပါ ထင်ရှားပါတယ်။

ချင်းမိုင်မြို့က မယ့်ပင်းမြစ်ကမ်းဘေးတလျှောက်မှာ ထိုင်းလူမျိုးတွေနဲ့ နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေဟာ ပန်း၊ ဖယောင်းတိုင်၊ အမွှေးနံ့သာ စတာတွေပါဝင်တဲ့ ကထုံ (Krathong) လို့ခေါ်တဲ့ ရေပေါ်မျှောဖောင်လေးတွေကို မြစ်ထဲကို မျှောပြီး ဆုတောင်းခဲ့ကြပါတယ်။

ထိုင်းတို့ရဲ့ ရိုးရာဓလေ့ထုံးစံ ယုံကြည်မှုအရ အဲဒီဖောင်လေးတွေကို မြစ်၊ ချောင်းနဲ့ ရေကန်တွေထဲ မျှောချရင်း ရေစောင့်နတ်သမီးကို ပူဇော်ကန်တော့ကြသလို အတိတ်က အဆင်မပြေမှုတွေကို စွန့်လွှတ်ပြီး ကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်ကြတဲ့ အဓိပ္ပာယ်လည်း ပါဝင်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့ ဒီကနေ့မှာတော့ ချင်းမိုင်မြို့ရဲ့ အထင်ကရ‌နေရာတခုဖြစ်တဲ့ Tha Phe Gate မှာ ထိုင်းရိုးရာ ဝတ်စုံတွေနဲ့ အလှပြကားတွေ လှည့်လည်ပြသသွားဖို့လည်း ရှိနေပါတယ်။

လွိုင်ကထုံပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက ဆူခိုထိုင်းခေတ် တတိယမြောက် မင်းဆက် ရာမ်ခမ်းဟိုင် ဘုရင်လက်ထက်မှာ စတင် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013