DVB Logo
Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာ လက်နက်ဖြုတ်သိမ်းရန် အမေရိကန်အဆိုပြုချက် လက်ဘနွန်အစိုးရ အတည်ပြု
DVB
·
August 8, 2025
ဟစ်ဇ်ဘိုလာ လက်နက်ဖြုတ်သိမ်းရန် အမေရိကန်အဆိုပြုချက် လက်ဘနွန်အစိုးရ အတည်ပြု
Donate to DVB

လက်ဘနွန်အစိုးရအဖွဲ့ဟာ နိုင်ငံတွင်းမှာ အစ္စရေးရဲ့ စစ်တပ် စစ်ဆင်ရေးတွေကို အဆုံးသတ်ခြင်းတွေနဲ့အတူ ဒီနှစ်ကုန်မှာ ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ဖြုတ်သိမ်းဖို့အတွက် အမေရိကန် အဆိုပြုချက်ရဲ့ ရည်ရွယ်ချက်တွေကိုသာ ဩဂုတ် ၇ ရက်မှာ အတည်ပြုခဲ့ကြောင်း လက်ဘနွန် ပြန်ကြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ဟာ အသေးစိတ် အချက်အလက် အပြည့်အစုံကို မဆွေးနွေးခဲ့ကြပါဘူး။ လက်ဘနွန်အစိုးရအဖွဲ့ဟာ တိကျတဲ့ အချိန်ဇယားတခုအတွင်း ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းရေးအတွက် အမေရိကန်အဆိုပြုချက်တွေကို ဆက်လက်ဆွေးနွေးဖို့ ကြာသပတေးနေ့မှာ အစည်းအဝေး လုပ်ခဲ့ပါတယ်။

ဝန်ကြီးတွေဟာ သြဂုတ် ၅ ရက်မှာ စတင်ဆွေးနွေးခဲ့ပေမဲ့ အဆိုပြုချက်အပေါ် သဘောတူညီမှုမရခဲ့ဘဲ ကြာသပတေးနေ့မှာ ဆွေးနွေးပွဲတွေ ခေါ်ယူမယ်လို့ ပြောပါတယ်။

အမေရိကန် အဆိုပြုချက်ရဲ့ ရည်ရွယ်ချက်တွေထဲမှာ ဟစ်ဇ်ဘိုလာ အပါအဝင် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိနေတာကို ရပ်ဆိုင်းခြင်း၊ လက်ဘနွန်တပ်ဖွဲ့ဝင်တွေကို အဓိကနယ်စပ်နဲ့ ပြည်တွင်းဒေသတွေဆီကို တပ်ဖြန့်ချထားခြင်း၊ အစ္စရေးအနေနဲ့ စခန်း ၅ ခုမှ ရုပ်သိမ်းကြောင်း သေချာစေရေး၊ သွယ်ဝိုက်ဆွေးနွေးပွဲတွေမှ တဆင့် အကျဉ်းသားပြဿနာတွေ ဖြေရှင်းရေး၊ အစ္စရေးနဲ့ ဆီးရီးယားတို့နဲ့ ထိစပ်နေတဲ့ လက်ဘနွန်ရဲ့ နယ်နိမိတ်ကို အပြီးအပိုင် သတ်မှတ်ထားရေးတွေ ပါဝင်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်ရုံးက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပေမဲ့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

ဒီအဆိုပြုချက်အပေါ် ဟစ်ဇ်ဘိုလာကလည်း ချက်ချင်း မှတ်ချက်ပေးခြင်း မရှိပေမဲ့ အီရန် ကျောထောက်နောက်ခံပြု အဖွဲ့နဲ့ သူတို့ရဲ့ မွတ်ဆလင် ရှီးယိုက် မဟာမိတ်အဖွဲ့က ဝန်ကြီးတွေဟာ အဆိုပြုချက်ကို ဆွေးနွေးမှုတွေအပေါ် ကန့်ကွက်တဲ့အနေနဲ့ ကြာသပတေးနေ့က ကက်ဘိနက် အစည်းအဝေးမှ နုတ်ထွက်ခဲ့တယ်လို့ နိုင်ငံရေး သတင်းရင်းမြစ် ၃ ခုက ရိုက်တာကို ပြောပါတယ်။

အမေရိကန်ရဲ့ အဆိုပြုချက်မှာ လက်ဘနွန်နဲ့ အစ္စရေးတို့အကြား နိုဝင်ဘာလမှာ ကြားဝင်စေ့စပ်ထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို “သက်တမ်းတိုးဖို့နဲ့ တည်ငြိမ်စေဖို့” ရည်ရွယ်တာဖြစ်ကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013