DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီ အလောင်း ၁၀၀ ကွေ့တွင် ယာဉ်တိုက်မှုထပ်ဖြစ်ပြီး ၅ ဦး ဒဏ်ရာရ
DVB
·
August 7, 2025
ကန်ကျနပူရီ အလောင်း ၁၀၀ ကွေ့တွင် ယာဉ်တိုက်မှုထပ်ဖြစ်ပြီး ၅ ဦး ဒဏ်ရာရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ ဩဂုတ် ၆ ရက် ညနေပိုင်းက ယာဉ် ၅ စီးနဲ့ ဆိုင်ကယ် ၁ စီး ဆင့်ကဲတိုက်မှု ထပ်မံဖြစ်ပွါးခဲ့လို့ မြန်မာနိုင်ငံက တိုင်းရင်းသား  ၂ ယောက် အပါအဝင် ၅ ယောက် ဒဏ်ရာရသွားတယ်လို့   ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

မနေ့ ညနေ ၅ နာရီလောက်က ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စုက အမှတ် ၃၂၃ အဝေးပြေးလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွါးကြောင်း အကြောင်းကြားချက်ရတာကြောင့် ကျန်းမာရေးဝန်ထမ်း၊ ကယ်ဆယ်ရေးအဖွဲ့ ၊ လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့  ဆန်ခလပူရီမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်ပွါးရာနေရာဟာ တောင်စောင်းလမ်းမှာဖြစ်ပြီး ၁၀ ဘီးတပ်ကုန်တင်ကားကြီးက အရှေ့က ဟိုင်းလက်စ် ကားနောက်ကို အရှိန်နဲ့ဝင်တိုက်ထားလို့ ဟိုင်းလက်စ်ကားလုံးဝပျက်စီးနေပြီး နောက်ထပ်အရှေ့က ကား ၄ စီးနဲ့ ဆိုင်ကယ် ၁ စီးတို့လည်း ဆင့်ကဲတိုက်ထားတဲ့ အနေအထားကို တွေ့ရတယ်၊ ၁၀ ဘီးကားမောင်းသမားဟာ စတီရာရင်ကိုင်လျက် ပြင်းထန်စွာဒဏ်ရာရပြီး ကယ်ဆယ်ရေး အဖွဲ့ကသူ့ကို အချိန် ၁ နာရီလောက်အကြာ ခက်ခဲစွာ ဆွဲထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဆိုပါ ၁၀ ဘီးတပ်ယာဉ်မောင်းအမည်မှာ နိုင်းဝိချိုင်း ချိုင်းနိရန်း ( အသက် ၆၃ နှစ် ) ဖြစ်ပြီး အဲဒီဖြစ်စဉ်မှာ ယာဉ်မောင်းအပြင် နောက်ထပ် အသက် ၅၂ ရွယ် မွန်အမျိုးသား တယောက် ၊ ၂၉ နှစ်အရွယ် ကရင်တိုင်းရင်းသူ တယောက် ၊ အသက် ၃၀ နှစ်ရွယ် ထိုင်းအမျိုးသား တယောက် နဲ့ ၃၃ နှစ်ရွယ် ထိုင်းအမျိုးသမီးတယောက် စုစုပေါင်း ၅  ယောက် ဒဏ်ရာရပြီး ကယ်ဆယ်ရေးအဖွဲ့က သူတို့အားလုံးကို ဆန်ခလပူရီဆေးရုံပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတို့ပြောပြချက်အရ အဆိုပါတောင်ဆင်းလမ်းမှာ အရှည် ၁၅၀၀ မီတာလောက်ရှည်လျားတယ်၊ ၁၀ ဘီးကားကြီးက အဆင်းလမ်းမှာ မောင်းနှင်လာစဉ် မိုးသည်းထန်စွာရွာသွန်းပြီး လမ်းချော်လာတယ်၊ လမ်းကွေ့ တနေရာအရောက်မှာ ရပ်လို့လည်းမရ အရှိန်သပ်လို့လည်းမရဘဲ ရှေ့ကသွားနေတဲ့ ဟိုင်းလက်စ်ကားကို နောက်ကနေဝင်တိုက်တယ်၊ ဟိုင်းလက်စ်ကားကလည်း ရှေ့ကကားကို ပြန်တိုက်တာမှာ ကား ၅ စီး နဲ့ ဆိုင်ကယ် တစီး ဆင့်ကဲတိုက်မိတယ်လို့ ဆိုပါတယ်။ 

အဆိုပါအကွေ့မှာ ယာဉ်တိုက်မှုမကြာခဏဖြစ်ပွါးပြီး လူသေဆုံးတာကြောင့် ဒေသခံတွေက “ အလောင်း ၁၀၀ ကွေ့  ” လို့  တင်စားခေါ်ဝေါ်ကြကာ အခုဩဂုတ်လ ၁၅ ရက်အတွင်းမှာ ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်ပွါးပြီး သေဆုံးသူ ၄ ယောက်နဲ့ ဒဏ်ရာရသူ ၂၃ ယောက် ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ က ဖြစ်ပွါးခဲ့တဲ့ ယာဉ် ၅ စီး ဆင့်ကဲတိုက်မှုမှာ ၃ ယောက်သေဆုံးပြီး  ၁၀ ယောက် ဒဏ်ရာရသွားတယ်ခဲ့ကာ မြန်မာနိုင်ငံသားအများစု ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ 

Source : Kanchanaburi News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013