DVB Logo
Home
နိုင်ငံတကာ
ဆီမီးကွန်ဒတ်တာများကို ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်မည်ဟု ထရမ့်ပ် ပြော 
DVB
·
August 7, 2025
ဆီမီးကွန်ဒတ်တာများကို ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်မည်ဟု ထရမ့်ပ် ပြော 
Donate to DVB

အမေရိကန်နိုင်ငံကို တင်သွင်းတဲ့ ဆီမီးကွန်ဒတ်တာတွေကို ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှုလည်း ရှိပြီး အမေရိကန်နိုင်ငံမှာ ထုတ်လုပ်မယ်ဆိုရင် အခွန်ပေးဆောင်ရမှာ မဟုတ်ဘူးလို့လည်း ရိုက်တာက ဖော်ပြပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံမှာ ကုန်ပစ္စည်းထုတ်လုပ်မှုတွေ ပြန်ပြီးလုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ ထရမ့်ပ်ရဲ့ ဆောင်ရွက်မှုတွေထဲက တခုပဲဖြစ်ပါတယ်။

ထရမ့်ပ်ဟာ ကုန်သွယ်ဘက်နိုင်ငံတွေကို အခွန် ၁၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ကောက်ခံမယ် ဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့အပြီးမှာ ဆီမီးကွန်ဒတ်တာနဲ့ တခြားနည်းပညာဆိုင်ရာ ပစ္စည်းတွေကိုလည်း အခွန်သတ်မှတ်မှာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး စစ်ဆေးမှုအဖြစ် ဆီမီးကွန်ဒတ်တာနဲ့ နည်းပညာဆိုင်ရာ ပစ္စည်းတွေကို သတ်မှတ်ထားပြီး ဘယ်လိုသတ်မှတ်မလဲဆိုတာ ဩဂုတ်လလယ်လောက်မှာ ကြေညာဖွယ်ရှိပါတယ်။

ထရမ့်ပ်ရဲ့ ပြောစကားကြောင့် နည်းပညာနဲ့ဆိုင်တဲ့ ပစ္စည်းထုတ်လုပ်တဲ့ နိုင်ငံတွေအတွက် လှုပ်ခတ်မှုတွေ ရှိလာမှာပါ။

တောင်ကိုရီးယား ထိပ်တန်းကုမ္ပဏီဖြစ်တဲ့ ဆမ်ဆောင်းလျှပ်စစ်နဲ့ အရင် ဟွန်ဒိုင်းကုမ္ပဏီဖြစ်တဲ့ SK Hynix တို့ဟာ အမေရိကန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိလို့ ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုတွေထဲ ပါမှာမဟုတ်ဘူးလို့ တောင်ကိုရီးယား ကုန်သွယ်မှု သံတမန်က ပြောပါတယ်။

ဒါပေမဲ့ ဆမ်ဆောင်းနဲ့ SK Hynix တို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

ဖိလစ်ပိုင် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်တဲ့ လုပ်ငန်း ဥက္ကဋ္ဌ ဒန်လာချီကာ ကတော့ ထရမ့်ပ်ရဲ့ အစီအစဉ်တွေက သူ့နိုင်ငံအတွက် စိတ်ပျက်စရာကောင်းတယ်လို့ ပြောထားပါတယ်။

မလေးရှားနိုင်ငံကလည်း ချစ်ပ်ပြား စမ်းသပ်တာနဲ့ ကမ္ဘာ့အဆင့် ထုပ်ပိုးမှုပြုလုပ်တဲ့ လုပ်ငန်းတွေ ရှိတာကြောင့် ဒီလို အခွန်ကောက်ခံမှုသာ သတ်မှတ်မယ်ဆိုရင် ဈေးကွက်ဆုံးရှုံးနိုင်တယ်လို့ ကုန်သွယ်ရေးဝန်ကြီးက လွှတ်တော်ကို သတိပေးထားပါတယ်။

အမေရိကန်လွှတ်တော်ဟာ ၂၀၂၂ ခုနှစ်က ဆီမီးကွန်ဒတ်တာ ထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ သုတေသနအတွက် နိုင်ငံတော်ထောက်ပံ့မှုတွေ ပြုလုပ်ဖို့ ဒေါ်လာ ၅၂ ဒသမ ၇ ဘီလီယံ သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်က သမ္မတ ဂျိုးဘိုင်ဒင် လက်အောက်ရှိ ကူးသန်းရောင်းဝယ်ရေးဌာနက ဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတခုအဖြစ် ထိပ်တန်း ချစ်ပ်ပြားထုတ်လုပ်တဲ့ လုပ်ငန်းကြီး ၅ ခုကို အမေရိကန်မှာ ထုတ်လုပ်စေဖို့ ယုံကြည်ထားပါတယ်။

အဲဒီဌာနရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့နှစ်က တကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ထုတ် ဆီမီးကွန်ဒတ်တာ ချစ်ပ်တွေဟာ ၁၂ ရာခိုင်နှုန်းရှိပြီး ၁၉၉၀ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်း ကနေ အခုလို ကျဆင်းလာတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013