DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် PSMS စနစ်အသုံးပြုပြီး စစ်ဆေးဖမ်းဆီးရန် စစ်တပ် လုပ်ဆောင်နေ 
DVB
·
August 7, 2025
တောင်ကြီးတွင် PSMS စနစ်အသုံးပြုပြီး စစ်ဆေးဖမ်းဆီးရန် စစ်တပ် လုပ်ဆောင်နေ 
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်က စစ်တပ်အထိုင်ချရာနေရာတိုင်းမှာ PSMS စနစ်ကို အသုံးပြုပြီး ဖမ်းဆီးဖို့အတွက် ညွှန်ကြားစာကို သြဂုတ် ၄ ရက်က တောင်ကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက သြဂုတ် ၇ ရက်မှာ ပြောပါတယ်။

People Surveillance and Management System - PSMS စနစ်ကို အသုံးပြုပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ မြို့အဝင်အထွက်နေရာ၊ ကားဂိတ်၊ စစ်တပ်ဂိတ်၊ ရှောင်တခင် စစ်ဆေးတာတွေ လုပ်ဖို့အတွက် ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မြို့ခံတယောက်က “ပထမဆုံးအနေနဲ့ တရားဝင် ပေါ်တာဖြစ်လာမယ်၊ ငွေညှစ်ခံရမယ်၊ ကြောက်စိတ်မဖြစ်ဖြစ်အောင် လုပ်တာပေါ့” လို့ ပြောပါတယ်။

PSMS စနစ်နဲ့ တည်းခိုသူ အချက်အလက် တိုက်ဆိုင်စစ်ဆေးတဲ့စနစ်၊ ယာဥ်လိုင်းစစ်ဆေးတဲ့စနစ်၊ ရဲတပ်ဖွဲ့ထောက်ခံစာစနစ်၊ Social Media မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ ပြုလုပ်ရမယ်လို့ သိရပါတယ်။

“ဒီကောင်တွေ ငွေညှစ်ချင်တာနဲ့ Tablet မှာ စာရင်းပါတယ်ဆိုပြီး ငွေလိမ်တောင်းတာတွေ ဖြစ်နိုင်သလို ငွေမပေးမချင်း ပေးမဖြတ်တာတွေ၊ ချုပ်နှောင်ခံရတာတွေ ဖြစ်လာနိုင်တယ်။ အထူးသဖြင့် လူငယ်လူရွယ်တွေ ပစ်မှတ်ထားခံရနိုင်တယ်။”

ဟိုတယ်နဲ့ ယာဥ်လိုင်းပိုင်ရှင်တွေကလည်း စစ်တပ်နဲ့ ပူးပေါင်းပြီး လာရောက်သူရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးပို့ဖို့၊ သတင်းအရ စစ်ဆေးတဲ့အခါမှာလည်း အသာတကြည် အစစ်ဆေးခံဖို့ ပြောထားပြီး မလိုက်နာရင် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ခြိမ်းခြောက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအနှံ့က စစ်တပ်စိုးမိုးရာနေရာတွေမှာ PSMS စနစ်ကို အသုံးပြုပြီး ဖမ်းဆီးခံရသူ ၁,၆၀၀ ကျော်အထိ ရှိနေတယ်လို့ တပ်ထောက်ခံတဲ့ ဝါဒဖြန့်မီဒီယာတခုက မေလထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013