DVB Logo
Home
နိုင်ငံတကာ
ပူတင်၊ ဇလန်းစကီးတို့နှင့် ထိပ်သီးဆွေးနွေးပွဲ ဖြစ်နိုင်ခြေရှိဟု ထရမ့်ပ်ပြော
DVB
·
August 7, 2025
ပူတင်၊ ဇလန်းစကီးတို့နှင့် ထိပ်သီးဆွေးနွေးပွဲ ဖြစ်နိုင်ခြေရှိဟု ထရမ့်ပ်ပြော
Donate to DVB

အမေရိကန်အထူးကိုယ်စားလှယ်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ဆွေးနွေးမှုရလဒ် ကောင်းမွန်တဲ့အတွက် ရုရှား၊ ယူကရိန်း ခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲ ပေါ်ပေါက်လာဖို့ “အခွင့်အလမ်းကောင်း” တရပ် ရှိနေတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။

ရုရှားနဲ့ ယူကရိန်း ခေါင်းဆောင် ၂ ယောက်ဘက်က အဲဒီလို ဆွေးနွေးပွဲလုပ်ဖို့ သဘောတူပြီလား ဆိုတဲ့ မေးခွန်းကိုတော့ “အရမ်းအလားအလာကောင်းတယ်” လို့ပဲ ထရမ့်ပ်က မှတ်ချက်ချခဲ့ပြီး အသေးစိတ်တော့ မပြောခဲ့ပါဘူး။

အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုအပေါ် ကရင်မလင်နန်းတော်ရဲ့ ထုတ်ပြန်ချက်ကတော့ မရေရာခဲ့ဘဲ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲအတွင်း “အချက်ပြမှုတွေ” အပြန်အလှန် ဖလှယ်ခဲ့တယ်လို့ပဲ ဆိုပါတယ်။

ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးကို ရုရှားဘက်က သဘောမတူရင် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ထရမ့်ပ် သတ်မှတ်ထားတဲ့ ဩဂုတ် ၈ ရက် မတိုင်မီမှာ အမေရိကန်ကိုယ်စားလှယ် မော်စကိုမှာ သွားရောက်ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်ပွဲ အဆုံးသတ်ရမယ် ဆိုတာကို ဥရောပမဟာမိတ်တွေ အားလုံးက သဘောတူထားပြီး လာမယ့်ရက်တွေအတွင်း အတူဆောင်ရွက်မယ်လို့ ထရမ့်ပ်က သူပိုင်တဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ရုရှားဘက်ကလည်း တွေ့ဆုံလိုတဲ့ဆန္ဒရှိကြောင်း ဖော်ပြခဲ့ပြီး ထရမ့်ပ် အနေနဲ့လည်း သမ္မတပူတင်၊ သမ္မတ ဇလန်းစကီး ၂ ယောက်လုံးနဲ့ တွေ့ဆုံဖို့ အဆင်သင့်ရှိတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

တဖက်မှာလည်း ယူကရိန်းသမ္မတ ဇလန်းစကီးက အမေရိကန်အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ထရမ့်ပ်နဲ့ ဖုန်းပြောခဲ့တယ်လို့ အတည်ပြုပါတယ်။

ဇလန်းစကီးနဲ့ ထရမ့်ပ်တို့ ဖုန်းပြောဆိုမှုအပြီးမှာ ယူကရိန်းအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီတွေကို အမေရိကန်က အတည်ပြုပေးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013