DVB Logo
Home
မြန်မာသတင်း
ထန်းတပင်တွင် ကလေးငယ် ၂ ယောက်အား မုဒိမ်းကျင့်ခဲ့သူကို ဖမ်းမိ
DVB
·
August 7, 2025
ထန်းတပင်တွင် ကလေးငယ် ၂ ယောက်အား မုဒိမ်းကျင့်ခဲ့သူကို ဖမ်းမိ
Donate to DVB

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ထိန်ကုန်းကျေးရွာမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၂ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းမိပြီး ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂၉ ရက်က ထန်းတပင်မြို့နယ်၊ ထိန်ကုန်းကျေးရွာမှာ အသက် ၁၀ နှစ်အရွယ် ယောကျ်ားလေးတယောက်နဲ့ မိန်းကလေးတယောက်ကို အသက် ၃၇ နှစ်အရွယ် အမျိုးသားတယောက်က မုဒိမ်းကျင့်ခဲ့ပြီး သြဂုတ် ၁ ရက်မှာ ရဲတွေက ဖမ်းမိခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“ဖအေက လယ်ထဲမှာ ငါးဖမ်းသွားနေတဲ့အချိန် အိမ်မှာကျန်ခဲ့တဲ့ ကလေး ၂ ယောက်ကို မုဒိမ်းကျင့်တာ။ ကလေးတွေကို ပြောရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတော့ မပြောရဲဘူး။ ဖအေနဲ့ ရွာက အမျိုးသမီးတွေ ချော့မော့မေးမှ ကလေးကဖြေတာ။ အတော်လူမဆန်တာ၊ ချက်ချင်းမိတာမဟုတ်ဘူး၊ နောက်ရက်မှာမိတာ။”

ပြစ်မှုကျူးလွန်သူဟာ တရွာတည်းနေ ဦးလေးဖြစ်သူ ရန်နိုင် ဖြစ်ပြီး ရွာကနေ ထွက်ပြေးတိမ်ရှောင်ဖို့ ပြင်ဆင်နေစဥ် ကျေးရွာရပ်မိရပ်ဖအဖွဲ့များနဲ့ ရဲတွေက ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“မုဒိမ်းကျင့်တာက အဲ့ကလေးတွေရဲ့ ဦးလေး၊ အခြေအနေက အတော်လေးဆိုးပါတယ်။ ကလေးမလေးဆို ဆေးရုံတောင်ပြရတယ်။ ယောကျ်ားလေးရော ဒီလိုလုပ်တာဆိုတော့ ၃၇၆ ရော ၃၇၇ ရော ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်။”

လတ်တလောမှာ ထန်းတပင်မြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူ ရန်နိုင်ကို (ပ)အမှတ် ၃၄/၂၀၂၅ ပုဒ်မ ၃၇၆ /၃၇၇ နဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013