DVB Logo
Home
နိုင်ငံတကာ
လက်ဘနွန်ရောက် ဆီးရီးယားဒုက္ခသည်အဖွဲ့ နေရပ်ပြန်
DVB
·
August 6, 2025
လက်ဘနွန်ရောက် ဆီးရီးယားဒုက္ခသည်အဖွဲ့ နေရပ်ပြန်
Donate to DVB

လက်ဘနွန်နဲ့ ဆီးရီးယားအစိုးရတွေ ညှိနှိုင်းပြီး ကုလသမဂ္ဂက စတင်ခဲ့တဲ့ ဘေးကင်းလုံခြုံတဲ့ နေရပ်ပြန်ရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဆီးရီးယားဒုက္ခသည် ပထမအုပ်စုဟာ လက်ဘနွန်ကနေ နေရပ်ကို ပြန်လာခဲ့ပါတယ်။ 

ဆီးရီးယားပြည်တွင်းစစ်အတွင်း ကာလကြာရှည် နေရပ်စွန့်ခွာသွားတဲ့ ဆီးရီးယားဒုက္ခသည်တွေ နေရပ် ပြန်လာတာဟာ ဒေသတွင်း အရှုပ်ထွေးဆုံး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာတွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ လမ်းကြောင်းသစ်တခုရဲ့ အစကို ကိုယ်စားပြုနေပါတယ်။

လက်ဘနွန်၊ ဆီးရီးယားနဲ့ ကုလသမဂ္ဂတို့အကြား နှစ်ရှည်လများ ညှိနှိုင်းဆွေးနွေး ပြီးတဲ့နောက် ခုရလဒ်ထွက်ပေါ်လာတာပါ။ 

ဒီရလဒ်ဟာ ဆီးရီးယားအစိုးရနဲ့ ညှိနှိုင်းပြီး ဆီးရီးယားနဲ့ လက်ဘနွန် နှစ်ဘက်စလုံးရဲ့ တိုက်ရိုက် ထောက်ပံ့ကူညီမှုတွေကိုရပြီး ဆီးရီးယား ဒုက္ခသည်တွေ ပြန်လာရေး အဆင်ပြေချောမွေ့အောင် ပံ့ပိုးကူညီဖို့ ရည်မှန်းထားတဲ့ လက်ဘနွန်အစိုးရနဲ့ ပြည်သူတွေဆီကနေ အဓိကလာပါတယ်။

လက်ဘနွန် အောက်လွှတ်တော် အလုပ်သမားနဲ့ လူမှုရေးရာကော်မတီဝင် အမတ် အီးလီးဟက်က  “သူတို့ရဲ့ နေရပ်ပြန်ရေးက ကုန်ကျစရိတ်နဲ့ နှိုင်းယှဥ်တယ်ဆိုတာ ကျနော် ယုံပါတယ်" လို့ ပြောပါတယ်။

ဒီအစီအစဉ်ဟာ ဒုက္ခသည်တွေရဲ့ ဂုဏ်သိက္ခာကို အာမခံပြီး အိမ်ရှင်အသိုက်အဝန်းအပေါ်က ဖိအားတွေကို သက်သာစေမယ့် ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို ရှာဖို့ ရည်ရွယ်ထားပါတယ်။ 

၂၀၂၅ အတွက် လက်ဘနွန် တုံ့ပြန်ရေး အစီအစဉ်မှာ ပထမအကြိမ် ဒုက္ခသည်တွေ အိမ်ပြန်ဖို့ ရည်စူးထားတဲ့ အခန်း တခု ပါပါတယ်။

နေရပ်ပြန်ခြင်းဟာ  တဖြည်းဖြည်းနှင့် ဆန္ဒအလျောက် ပြန်ရမှာဖြစ်ပြီး၊ ဒုက္ခသည်တွေရဲ့ အကြောက်တရားတွေကို လျော့ပါးသက်သာစေဖို့နဲ့ မူရင်းဒေသတွေမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှု၊ အခြေခံဝန်ဆောင်မှုတွေ ပေးဖို့ အာရုံစိုက်မှာလည်း ဖြစ်ပါတယ်။

ဒီအစီအစဉ်ရဲ့ ရည်မှန်းချက်မှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး တခုတည်းမဟုတ်ဘဲ အထောက်အပံ့ တွေ ပေးဖို့နဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင် ရေး တွန်းအားပေး လုပ်ဆောင်ဖို့လဲ ပါတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

လက်ဘနွန်ရဲ့ အထွေထွေလုံခြုံရေး ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်အရ လက်ရှိ လက်ဘနွန်မှာ ဆီးရီးယားဒုက္ခသည် ၂ ဒသမ ၀၈ သန်းကျော်ရှိနေ ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် အရေအတွက်ကတော့ ၈၂၅,၀၀၀ သာ ရှိနေပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013