DVB Logo
Home
မြန်မာသတင်း
အဓမ္မစုဆောင်းခံရသည့် စစ်မှုထမ်းတပ်သား ၁ ဦး KNDF ထံ လက်နက်နှင့် အလင်းဝင်
DVB
·
August 5, 2025
အဓမ္မစုဆောင်းခံရသည့် စစ်မှုထမ်းတပ်သား ၁ ဦး KNDF ထံ လက်နက်နှင့် အလင်းဝင်
Donate to DVB

အဓမ္မစစ်သားစုဆောင်းခံရပြီး ကရင်နီပြည်နယ် ရှေ့တန်းတနေရာကို ရောက်လာတဲ့ စစ်တပ်က တပ်သားတယောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် ၃၄ ဆီမှာ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ တပ်ရင်းက ဩဂုတ် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ တပ်သားက စစ်ကောင်စီတပ်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူဖြစ်ပြီး စစ်တပ်ရဲ့ လက်အောက်မှာ စစ်မှုမထမ်းချင်တာကြောင့် ဇူလိုင် ၇ ရက်မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။

ဘက်ပြောင်းခိုလှုံလာရာမှာလည်း တပ်သားနဲ့အတူ MA-1 ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်ဆန် ၂၀၀ ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

KNDF ပြန်ကြားရေးတာဝန်ရှိသူက “သူတို့(ဘက်ပြောင်းခိုလှုံလာသူ)ကို CDM ဌာနတခု ဖွဲ့ထားပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ အလင်းဝင်လာတာက စုစုပေါင်း ၁၀၀ ကျော်ရှိပါတယ်” လို့ ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေ အနေနဲ့လည်း စစ်အာဏာရှင် လူတစုရဲ့ လက်အောက်ကနေ ရုန်းထွက်ပြီး တော်လှန်ရေးအင်အားစုတွေဆီကို အမြန်ဆုံး ဘက်ပြောင်းခိုလှုံကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစပြီး ခုလက်ရှိအချိန်အထိ KNDF တပ်ရင်းတွေဆီ ဘက်ပြောင်းခိုလှုံလာသူ အယောက် ၁၀၀ ကျော် ရှိနေပြီလို့ တပ်ရင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013