DVB Logo
Home
မြန်မာသတင်း
ပုလောနှင့် ပလတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၂၀ ခန့်သေဆုံး
DVB
·
August 5, 2025
ပုလောနှင့် ပလတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၂၀ ခန့်သေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်နဲ့ ပလမြို့တို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင့် သေဆုံးသွားတဲ့ပြည်သူ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ တော်လှန်ရေးဘက်က ရဲဘော်တွေနဲ့ ပလမြို့ခံတွေက ပြောပါတယ်။

ပလမြို့မှာ ဇူလိုင် ၂၃ ရက်ကတည်းက စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ကြည်း၊ ရေ၊ လေ အသုံးပြုတိုက်ခိုက်တာကြောင့် ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၃ ရက်အတွင်း အရပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အရပ်သားသေဆုံးမှုက ၂၀ နဲ့ ၂၀ ကျော် ပတ်ဝန်းကျင်မှာ ရှိတယ်။ အဓိက သေဆုံးမှုကတော့ လေယာဥ်ကြောင့် စုပြုံပြီး သေတဲ့ဟာရှိတယ်။ လက်နက်ကြီးကြောင့် သေတဲ့ဟာရှိတယ်။ ပြီးရင် စစ်တပ်က အရှေ့ကို တိုးလိုက်လာပြီးရင် ပစ်သတ်ထားခဲ့တဲ့ဟာတွေ ရှိတယ်။ အဓိကကတော့ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးတာ ပိုများတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၂၅ ရက်က ပလမြို့အနီး ဇရပ်ဆိပ်မှာ ခရီးသည်တွေ နားနေတဲ့အိမ်ကို စစ်တပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၀ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PDF မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

PDF မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံရဲ့ ပြောပြချက်အရ ပလတိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၃၀ ထက်မနည်း အသုံးပြုခဲ့တယ်လို့ သိရပြီး ဒေသတွင်း သတင်းအရင်းအမြစ်အရ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ နေအိမ် ၆ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပလမြို့ခံတယောက်က “စစ်တပ်အင်အားက ၁၀၀ ကျော် ၂၀၀ လောက်ရှိတယ်။ မနေ့ကလည်း ၅၀ နီးပါး ထပ်တိုးလာသေးတယ်” လို့ ပြောပါတယ်။

အခုလက်ရှိမှာတော့ ပလမြို့နဲ့ အနီးတဝိုက် ကျေးရွာတွေဖြစ်တဲ့ မင်းပြင်၊ ဘိုင်းပြင်၊ မိန်းမမြို့၊ ဇရပ်ဆိပ်နဲ့ တပို စတဲ့ကျေးရွာနေ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ပလမြို့ခံ စစ်ရှောင်တယောက်က “လူတိုင်းကတော့ ဘယ်နေ့ အိမ်ပြန်ရမလဲဆိုတာ မျှော်နေကြတယ်။ တိုက်ပွဲကတော့ ကြာဦးမယ်လို့လည်း ပြောတယ်။ အခုလည်း စစ်တပ်က လူကိုမြင်ရင် ပစ်သတ်နေကြတယ်ဆိုတော့ ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013