
၈၄ ၄၇ ဆိုတဲ့ ကိန်းဂဏန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ထားတဲ့ FBI ဒါရိုက်တာဟောင်း ဂျိမ်းကိုမီးကို အမေရိကန် တရားရေးဌာနက ပြစ်ဒဏ်ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
ဂျိမ်းကိုမီးဟာ ခရုခွံလေးတွေနဲ့ ၈၆ ၄၇ ဆိုတဲ့ နံပါတ်တွေရေးထားတဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ထားပြီး အဲဒါက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ခြိမ်းခြောက်တာလို့ စွပ်စွဲခံထား ရပါတယ်။
မြောက်ကာရိုလိုင်းနားရှိ အရှေ့ပိုင်းခရိုင် ဖက်ဒရယ်တရားရုံးက ကိုမီးကို သမ္မတကို သွယ်ဝိုက် ခြိမ်းခြောက်တဲ့ လုပ်ရပ်အဖြစ် တရားစွဲထားတာပါ။
ပြီးခဲ့တဲ့ မေလက မြောက်ကာရိုလိုင်းနားမှာ အားလပ်ရက် အပန်းဖြေထွက်ခဲ့တဲ့ ကိုမီးဟာ အင်စတာဂရမ်မှာ ခရုခွံလေးတွေစီပြီး ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်မှာ ၈၆ ဟာ ဖယ်ရှားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ၄၇ ကတော့ ၄၇ ယောက်မြောက် သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့်ပ်ကို ရည်ညွှန်းတာလို့ ကိုမီးရဲ့ ပို့စ်ကို အဓိပ္ပာယ် ကောက်ခဲ့တာပါ။
ဒီစွဲချက်က ထရမ့်ပ်ရဲ့ တရားရေးဌာနက နိုင်ငံရေးရန်သူတွေကို ရာဇဝတ်မှုနဲ့ တရားရုံးမှာ အသစ်စွဲ ဆိုတာ ဖြစ်ပါတယ်။
ယာယီရှေ့နေချုပ်နေရာမှာ တော့ဘလန်ချီ ဖြစ်လာပြီးနောက်ပိုင်း ထရမ့်ပ် တောင်းဆိုတဲ့ ရာဇဝတ်မှု တွေကို တရားစွဲဖို့ အလျင်အမြန် အကောင်အထည် ဖော်ခဲ့တာပါ။
ဒါ့ကြောင့် ကိုမီးရဲ့ ပို့စ်က ထရမ့်ပ်ရဲ့ အာဏာကို ဖယ်ရှားမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတခုလို့ အဓိပ္ပာယ် ကောက်ခဲ့တာလို့ ထရမ့်ပ်နဲ့ သူ့ရဲ့အဖွဲ့တွေက ပြောပါတယ်။
ကိုမီးဟာ အငြင်းပွားဖွယ်ကိစ္စရပ်တွေ ထွက်ပေါ်ခဲ့ပြီးနောက် ဆိုရှယ်မီဒီယာက ပို့စ်ကို ပြန်ဖျက် ခဲ့သလို အမေရိကန်စုံစမ်းရေးအဖွဲ့တွေကလည်း သူ့ကို မေးမြန်းစုံစမ်းခဲ့ဖူးပေမဲ့ ဖမ်းဆီးခံခဲ့ရတာမျိုး မရှိပါဘူး။
ကိုမီးက“ဒီနံပါတ်တွေက အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်တယ်ဆိုတာ ကျနော် လုံးဝ မသိခဲ့ပါဘူး။ အကြမ်းဖက်မှုမှန်သမျှကို ကျနော် ဆန့်ကျင်ပြီး ကျနော့်ကြောင့်လည်း ဘယ်လို အကြမ်းဖက်မှုမျိုးကိုမှ မဖြစ်စေရပါဘူး” လို့ ပြောပါတယ်။
ကိုမီးရဲ့ ရှေ့နေကတော့ အဲဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး မရှိပါဘူး။
စွဲချက်တင်ခံရပြီးနောက် ကိုမီးက သူဟာ အပြစ်ကင်းကြောင်း၊ မကြောက်ရွံ့ကြောင်း အွန်လိုင်းမှာ ဗွီဒီယိုပို့စ်တင်ပြီး ပြောထားပါတယ်။
Source: Reuters











