DVB Logo
Home
မြန်မာသတင်း
 DKBA စစ်ရေးချုပ်၏ နေအိမ်ကို စစ်တပ်က ဒရုန်းဖြင်တိုက်ခိုက်
DVB
·
August 5, 2025
 DKBA စစ်ရေးချုပ်၏ နေအိမ်ကို စစ်တပ်က ဒရုန်းဖြင်တိုက်ခိုက်
1 / 9
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါ်လေမြိုင်မြို့မှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းရဲ့ နေအိမ်ကို ဩဂုတ် ၃ ရက် ညနေပိုင်းမှာ  စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဝေါ်လေမြိုင်မြို့၊ အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းရဲ့ နေအိမ်ကို ဝေါ်လေဗျူဟာကနေ အသေခံ(ကာမီကာဇေ)ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်သူ မရှိဘူးလို့ DKBA တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ကျနော်တို့ စိန်ခေါ်မှုတခုလို့ အဲလိုမြင်တယ်။ ကျနော်တို့ NCA ကို ဘောပင်နဲ့ လက်မှတ်ထိုးထားတဲ့ ပုံစံမျိုးထား ထားပြီးတော့ ကျနော်တို့ကို  စိန်ခေါ်မှုတွေ လိုက်လုပ်နေတယ်လို့ အဲလိုပုံစံမျိုးပဲ ထင်တယ်။ ကျနော်တို့ကျတော့ ပြောရမယ်ဆို  စစ်တပ်ဘက်ကိုလည်း အကုန်လုံး လိုက်လျောပြီး ပူးပေါင်းပေးတယ်။  နောက်ပြီးတော့ အဲဒီဘက်မှာကျတော့ တောက အဖွဲ့တွေလှုပ်ရှားမှုရှိတော့ ကျနော်တို့ကို သံသယတွေဝင်တာလည်း ရှိရင်ရှိမယ်။ အဲဒီလို အကြောင်းကြောင်းတွေ ရှိပြီးတော့ အဲလိုလုပ်တာလည်း ဖြစ်နိုင်တယ်။”

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးစာချုပ်( NCA )ကို လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

ဒါအပြင် ဗိုလ်မှူးကြီး စောစိန်ဝင်းဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ DKBA အဖွဲ့အစည်းရဲ့ ဦးဆောင်သူအဖွဲ့မှာ ကိုယ်တိုင် ပါဝင်တက်ရောက်ခဲ့ရသူ ဖြစ်ပါတယ်။

စစ်ကောင်စီကို ယုံကြည်လို့မရဘူးဆိုတာကို လက်နက်ကိုင်အဖွဲ့အစည်းတိုင်း သိဖို့ အချိန်တန်ပြီလို့ ကရင်စစ်ရေးလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ကရင့်စစ်ရေးလေ့လာစောင့်ကြည့်သူတယောက်က “ဘယ်လောက်ပဲ NCA ထိုးထိုး  ဘာစာချုပ်ပဲထိုးထိုး၊ သူတို့ဘယ်လောက်ပဲပြောပြော  ယုံကြည်လို့မရဘူးဆိုတာကို  NCA ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တခြားသော အဖွဲ့အစည်းတွေကို ဒါ အသိပေးလိုက်တာနဲ့ တူတယ်။  အသိပေးတဲ့ ပုံစံမျိုးနဲ့လည်း တူတယ်။ အဲတော့ ယနေ့ လက်ရှိ  တော်လှန်းရေးမှာက အာဏာရှင်ပြုတ်ကျရေးကို  အဓိက ထားပြီးလုပ်ဆောင်ရမှာ ဖြစ်တယ်။ ငါကတော့ NCA ထိုးထားလို့  ငါကတော့ NCA မထိုးထားလို့ ဆိုတဲ့အပေါ်မှာ  လုံးဝသက်ရောက်မှုမရှိဘူးဆိုတာ၊ စစ်ကောင်စီ ဘက်ကနေ ပုံစံအမျိုးမျိုးနဲ့ လုပ်ပြနေတယ်ဆိုတာကို ထမင်းစားတဲ့လူတိုင်း အရာရှိတိုင်း  သိဖို့လိုပြီ။ သိဖို့လည်း အချိန်တန်ပါပြီလို့ ပြောချင်တယ်”လို့ ပြောပါတယ်။

မေ ၂၇ ရက် ညနေ ၃ နာရီလောက်က ဝေါလေဘက်ကနေ သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ အင်အား ၇၀ ​ကျော်လောက်ရှိတဲ့  စစ်တပ်ရဲ့ စစ်ကြောင်းကို KNLA ပူး​ပေါင်းအဖွဲ့တွေက DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ​ယောက်ကျော်ကို စစ်သုံပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

ဒါအပြင် စစ်ကြောင်းမှူးဦးဆောင်တဲ့ စစ်တပ်က တပ်ဖွဲ့ဝင် ၃၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ပါတယ်။ စစ်ကြောင်း ချေမှုန်းခံရတာကြောင့် စစ်တပ်က လေကြောင်းကနေ ဆုံဆည်းမြိုင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ တယောက်ထိမှန်သေဆုံးခဲ့ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013