
တရုတ်နိုင်ငံမှာ မိုးသည်းလို့ ရေကြီး မြေပြိုမှု အန္တရာယ်တွေ လျော့ပါးစေဖို့ အာဏာပိုင်တွေက ဆောင်ရွက်ရင်း ဘေးလွတ်ရာ ရွှေ့ပြောင်းတာတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တွန်းအားပေးခဲ့ပါတယ်။
တရုတ်နိုင်ငံတဝန်း ဒေသအများအပြားမှာ မိုးသည်းမယ့် မိုးသက်မုန်တိုင်းတွေအတွက် လိမ္မော်ရောင် သတိပေးချက်ကို တနင်္လာနေ့မှာ အမျိုးသားစောင့်ကြည့်လေ့လာရေးဌာနက အသစ်ထုတ်ပြန်ခဲ့ပါတယ်။
တနင်္လာနေ့ နေ့လယ် ၂ နာရီကနေ အင်္ဂါနေ့ နေ့လယ် ၂ နာရီအတွင်း ချင်းဟိုင်၊ ဂံစု၊ အတွင်းမွန်ဂိုလီးယား၊ ရှန်းရှီး၊ ပေကျင်း၊ တီယန်ကျင်း၊ ဟော့ဘေး၊ လျောင်နင်း၊ ဟီနန်၊ ရှန်တုံး၊ ကွမ်းရှီး၊ ကွမ်တုံ၊ ဟောင်ကောင်၊ မကာအို၊ ဖှုကျန်း၊ ယူနန်နဲ့ ထိုင်ဝမ်တို့မှာ မိုးအသည်းအထန် ရွာမယ်လို့ အမျိုးသားမိုးလေဝသဌာနက ကြေညာပါတယ်။
မိုးသည်းဖို့ မျှော်မှန်းထားလို့ ဟော့ဘေးပြည်နယ်က မီးသတ်သမားတွေနဲ့ လက်နက်ကိုင်ရဲတွေက ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်ကြောင့် လျူဒေါင်ဟော့မြို့ လောင်ဝိုဖူရွာက နေထိုင်သူ အယောက် ၁၀၀ ကျော်ကို တနင်္ဂနွေနေ့မှာ ဘေးလွတ်ရာ ရွှေ့ပေးခဲ့ပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်မှာ တနင်္ဂနွေနေ့က မိုးသည်းလို့ ရေကြီးရေလျှံခဲ့တဲ့အတွက် ရှားမဲန်းမြို့က ယဲ့ရှန်းဂူ ရှုခင်းသာဧရိယာမှာ ခရီးသွား ၆ ယောက် ပိတ်မိခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက သံမဏိကျောက်ဆူးတွေ၊ သံတုံးတွေကို သုံးပြီး ချောက်ကမ်းပါးကို ဂရုတစိုက် ချဲ့ထွင်ရင်း နောက်ဆုံးမှာ ပိတ်မိနေတဲ့ ခရီးသွားတွေဆီ ရောက်ခဲ့ပါတယ်။
၂ နာရီအတွင်း သူတို့ကို ဘေးကင်းရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြပါတယ်။
Source: Reuters










