DVB Logo
Home
နိုင်ငံတကာ
ပလတ်စတစ်ကြောင့် ကျန်းမာရေးစရိတ် တနှစ် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ကုန်ကျ
DVB
·
August 5, 2025
ပလတ်စတစ်ကြောင့် ကျန်းမာရေးစရိတ် တနှစ် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ကုန်ကျ
Donate to DVB

ပလတ်စတစ်ဟာ ကမ္ဘာကြီးနဲ့ လူသားတွေရဲ့ ကျန်းမာရေးအတွက် “သတိမထားမိဘဲ တဖြည်းဖြည်း ဆိုးရွားလာတဲ့ အန္တရာယ်တခု” ဖြစ်လာကြောင်း အစီရင်ခံစာအသစ်မှာ သတိပေးလိုက်ပါတယ်။

The Lancet ထိပ်တန်းဆေးပညာဂျာနယ်မှာ ဖော်ပြထားချက်အရ ကမ္ဘာကြီးဟာ “ပလတ်စတစ် ကပ်ဘေး” ထဲ ကျရောက်နေပြီ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ကောက်ချက်ချပါတယ်။

PBDE၊ BPA နဲ့ DEHP ဆိုတဲ့ ပလတ်စတစ် ဓာတုပစ္စည်း ၃ မျိုးကြောင့် ကမ္ဘာ့ ၃၈ နိုင်ငံမှာ ကျန်းမာရေးအရ ထိခိုက်မှုတန်ဖိုးက တနှစ်ကို အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီအကျပ်အတည်းကို အဓိကမောင်းနှင်ပေးနေတဲ့ အကြောင်းအရင်းက ပလတ်စတစ်ထုတ်လုပ်မှု အရှိန်အဟုန် မြင့်တက်လာကြောင့်ပဲ ဖြစ်ပါတယ်။

၁၉၅၀ ပြည့်နှစ်ကနေ လက်ရှိအချိန်အထိ ပလတ်စတစ် ထုတ်လုပ်မှုဟာ အဆပေါင်း ၂၀၀ ကျော် တက်လာခဲ့တဲ့အလျောက် ၂၀၆၀ အရောက်မှာ တနှစ်ကို တန်ချိန် ၁ ဘီလီယံကျော် ရှိလာနိုင်ကြောင်း ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ ပလတ်စတစ် ညစ်ညမ်းမှုတွေပါ မြင့်တက်လာခဲ့ပြီး တန်ချိန် ၈ ဘီလီယံလောက် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

ဧဝရတ်တောင်ထိပ်ကနေ သမုဒ္ဒရာချောက် အနက်ဆုံးအထိ တကမ္ဘာလုံး အတိုင်းအတာနဲ့ ညစ်ညမ်းနေပြီ ဖြစ်ပေမဲ့လည်း ပလတ်စတစ် ၁၀ ရာခိုင်နှုန်းအောက်ကိုသာ Recycle ပြန်လည်အသုံးပြုတာမျိုး ရှိပါသေးတယ်။

ဒါကြောင့် လေထုညစ်ညမ်းမှု အပါအဝင် အဆိပ်သင့်ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ရမှု၊ ခန္ဓာကိုယ်တွင်း အလွန်သေးငယ်တဲ့ မိုက်ခရိုပလတ်စတစ်တွေ ဝင်ရောက်တာမျိုး အဖြစ်များလာခဲ့ပါတယ်။

ပလတ်စတစ်အရေး ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ဥပဒေကြောင်းအရ မဖြစ်မနေ လိုက်နာရမယ့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တခုအတွက် (Global Plastics Treaty) ၆ ကြိမ်မြောက် အစည်းအဝေး မတိုင်ခင်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

အဲဒီဆွေးနွေးပွဲမှာ နိုင်ငံပေါင်း ၁၀၀ ကျော်ဟာ ပလတ်စတစ် ထုတ်လုပ်မှုအပေါ် ကန့်သတ်ဖို့ ထောက်ခံပေမဲ့လည်း ဆော်ဒီလိုမျိုး ရေနံနိုင်ငံတွေကတော့ အဆိုပြုချက်ကို ကန့်ကွက်ထားတာကြောင့် သဘောထားကွဲလွဲမှုတွေ ရှိနေပြန်ပါတယ်။

ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတို့ကနေ ပလတ်စတစ် ၉၈ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ထားပြီး အတိအကျမသိရတဲ့ ဓာတုပစ္စည်းပေါင်း ၁၆,၀၀၀ လောက် ပါဝင်နေပါတယ်။

အခုလိုမျိုး စွမ်းအင်သုံးစွဲမှု များပြားတဲ့ ထုတ်လုပ်ရေးလုပ်ငန်းစဉ်က တနှစ်ကို ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂) တန်ချိန် ၂ ဘီလီယံလောက် ထုတ်လွှတ်နေတဲ့အလျောက် ရာသီဥတုဖောက်ပြန်မှုကို ပိုမိုဆိုးရွားလာစေပါတယ်။

အဲဒီပမာဏဟာ ကမ္ဘာ့စတုတ္ထမြောက် လေထုညစ်ညမ်းစေတဲ့ ရုရှားတနိုင်ငံလုံးရဲ့ ထုတ်လွှတ်မှုထက်တောင် ပိုပြီးများပါတယ်။

အခုတခေါက် အသစ်ထွက်ရှိလာတဲ့ လေ့လာဆန်းစစ်ချက်ဟာ ပလတ်စတစ်ရဲ့ သက်ရောက်မှုအပေါ်  စဉ်ဆက်မပြတ် ခြေရာခံသွားမယ့် အစီရင်ခံစာတွေရဲ့ ရှေ့ပြေးဖြစ်တယ်ဆိုပြီး အတည်ပြုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013