DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ကေတီဗွီနှင့် နိုက်ကလပ် ၂ ခု စစ်ဆေး၊ မြန်မာအပါအဝင် ၅၄ ဦး ဖမ်းဆီးခံရ 
DVB
·
August 4, 2025
ဘန်ကောက်တွင် ကေတီဗွီနှင့် နိုက်ကလပ် ၂ ခု စစ်ဆေး၊ မြန်မာအပါအဝင် ၅၄ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဘန်ရတ်နယ်မြေထဲမှာ မြန်မာနိုင်ငံသားအများစု စုဝေးပျော်ပါးလေ့ရှိတဲ့ ကေတီဗွီ၊ နိုက်ကလပ်  ၂ ခုကို  ထိုင်းတာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးပြီး ဥပဒေနဲ့ မညီညွတ်သူ၊ မူးယစ်ဆေးဝါး သုံးစွဲသူ စုစုပေါင်း ၅၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဘန်ရတ်နယ်မြေ ဆီလုမ်းရပ်ကွက်၊ နာရာထိဝပ်နဲ့ ရာ့ချ်နာ့ခလိင်းလမ်းထဲမှာ တရားမဝင် ဘားဆိုင်ဖွင့်ပြီး ကေတီဗွီနဲ့ နိုက်ကလပ်တွေပါဖွင့်ထားကြောင်း၊ လာရောက်သူ ၉၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်း စုံစမ်းသိရှိရတဲ့အတွက် အမှတ် ၆ နခွန်းဘန်နယ်မြေရဲတပ်ဖွဲ့၊ ဆိုက်ဘာရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ယမန်နေ့ မနက် ၄ နာရီလောက်က သွားရောက် စစ်ဆေးခဲ့တယ်လို့ ဘန်ရတ်နယ်မြေရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူးကြီး ထမ်မဆဒ်ဆန်ဘွန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက  စမွတ်စခွန်းမှာ တရားမဝင်ဖွင့်ထားတဲ့ မြန်မာကေတီဗွီဆိုင်ကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်၊ ဆိုင်ကိုပိတ်သိမ်းခဲ့တယ်၊ နောက်ဆက်တွဲ လှုပ်ရှားမှုတွေ စောင့်ကြည့် စုံစမ်းနေတာမှာ ဘန်ရတ်နယ်မြေထဲမှာ ဖွင့်ထားတယ်ဆိုတာ သိရလို့သွားပြီး စစ်ဆေးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ပထမတနေရာမှာ “ဖားအံ” လို့ အမည်ပေးထားတဲ့ စားသောက်ဆိုင် ဖြစ်တယ်၊ အဲဒီဆိုင်မှာ နိုင်ငံခြားသားတွေအတွက် ခွင့်မပြုတဲ့ အလုပ်ကိုဝင်ရောက်လုပ်ကိုင်နေတယ်လို့  အလုပ်သမားရုံးကို တိုင်တန်းထားတာလည်း ရှိတယ်၊ အောက်ထပ်မှာ စားသောက်ဆိုင်ဖွင့်ပြီး အပေါ်ထပ်မှာ မူးယစ်ဆေးဝါး သုံးတယ်၊ အဲဒီဆိုင်ကနေ အီးစီးကရက် ၂၄ ထောင့်၊ ဆေးခြောက်လိပ် ၁၅ လိပ်၊ မြန်မာဆေးပေါ့လိပ် ၅ စည်း သိမ်းဆည်းရမိတယ်၊ အလုပ်နေရာ အလုပ်ရှင်ပြောင်းတာကို ၁၅ ရက်အတွင်း အကြောင်းမကြားသူ  ၁၃  ယောက်၊ နေထိုင်ခွင့်သက်တမ်းလွန်သူ ၃ ယောက်၊ အထောက်အထားမဲ့သူ တယောက် ဖမ်းဆီးရမိတယ်၊ အားလုံး မြန်မာနိုင်ငံသားတွေလို့ ဆိုပါတယ်။ 

အဆိုပါနေရာနဲ့ မီတာ ၃၀၀ အကွာရှိ  skybar ဆိုတဲ့ အရက်ဆိုင်ကို သွားရောက်စစ်ဆေးခဲ့တာမှာ၊ အထပ် ၆ ထပ်ရှိပြီး အောက်ဆုံးထပ်မှာ ဘားဆိုင်၊ ဒုတိယနဲ့ တတိယထပ်မှာ ကေတီဗွီ၊ စတုတ္ထထပ်မှာ LGBTQ လိင်တူချစ်သူနေရာ၊ ပဉ္စမထပ်မှာ VIP အထူးဧည့်သည်နဲ့ အပေါ်ဆုံးထပ်ကတော့ အိပ်ခန်းတွေလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဟာ အဆိုပါဆိုင်ထဲကလူတွေကို ဆီးစစ်ရာမှာ ၂၇ ယောက်မှာ မူးယစ်ဆေးသုံးစွဲထားတာ တွေ့ရှိတယ်၊ ဆိုင်ရှင်ကိုလည်း ခွင့်ပြုချက်မရှိဘဲ ဆိုင်ဖွင့်မှု၊ သတ်မှတ်ထားတဲ့အချိန်ထက်ပိုပြီး ဖွင့်လှစ်မှုတွေနဲ့ အရေးယူသွားမယ်လို့  တာဝန်ရှိသူက ပြောကြောင်း 3Plus News ထိုင်း ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။ 

Source:  3Plus News / Thaipolice

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013