DVB Logo
Home
အားကစား
စီးရီးအေတွင် အဆင်မပြေဖြစ်နေသည့် အယ်လီ ကစားသမားဘဝမှ အနားယူရန် စီစဉ်
DVB
·
August 4, 2025
စီးရီးအေတွင် အဆင်မပြေဖြစ်နေသည့် အယ်လီ ကစားသမားဘဝမှ အနားယူရန် စီစဉ်
Donate to DVB

အီတလီကလပ် ကိုမိုအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ စပါးကွင်းလယ်လူဟောင်း ဒယ်လီအယ်လီ ဟာ ကစားသမးဘဝကနေ အနားယူဖို့ စီစဉ်နေပါတယ်။

အသက် ၂၉ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ မနှစ်ကရာသီက ကစားသမားဘဝတဆင့် ပြန်လည်တက်လှမ်းနိုင်ဖို့ ရည်မှန်းချက်နဲ့ အီတလီကလပ် ကိုမိုအသင်းဆီကို ၁၈ လ စာချုပ်နဲ့ ပြောင်းရွှေ့သွားတာပါ။

မနှစ်ကရာသီ ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ အေစီမီလန်နဲ့ပွဲမှာ အနီကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရပါသေးတယ်။

အယ်လီဟာ ရာသီသစ်အတွက် လေ့ကျင့်ရေးအစီအစဉ်မှာ အသင်းလူစာရင်းကနေ ချန်လှပ်ခံထားရတာကြောင့် အဆင်မပြေဖြစ်နေပြီး ကစားသမားဘ၀ကနေ အနားယူဖို့အထိ စဉ်းစားလာခဲ့တာပါ။

အယ်လီဟာ တချိန်က စပါးအသင်းမှာ တရာသီအတွင်း ၂၂ ဂိုးသွင်းခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်လှမ်းရာမှာ အဓိကနေရာကနေ စွမ်းဆောင်နိုင်ခဲ့သူပါ။

အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း နေရာတနေရာ ရယူခဲ့ဖူးတဲ့ အယ်လီဟာ လက်ရှိအချိန်မှာတော့ အဆင်မပြေမှုတွေနဲ့အတူ ကစားသမားဘဝကနေ အနားယူဖို့ နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013