အီတလီကလပ် ကိုမိုအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ လိုက်ပ်ဇစ် အသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အထင်ကရနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
အသင်းသမိုင်းတလျှောက် နှစ်ပေါင်း ၁၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပပွဲစဉ်အဖြစ် ကစားခဲ့တာဖြစ်ပြီး ပွဲစလို့ ၁၅ မိနစ်မှာပဲ မာတင် ဘာတူရီနာက ကိုမိုအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာပါ။
ဒါ့အပြင် ဒူးဗီးကပ်စ်၊ အာဆန်း ဒိုင်ယိုနဲ့ ပယ်ရုန်း တို့ကလည်း ဒုတိယဂိုး၊ တတိယဂိုးနဲ့ စတုတ္ထဂိုးတွေ ဆက်လက် သွင်းယူပေးခဲ့ကြပါတယ်။
နည်းပြ ဆက်စ် ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းဟာ အိမ်ကွင်းပရိသတ် ၁၁,၀၀၀ အရှေ့မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး လိုက်ပ်ဇစ်ဘက်ကတော့ မက်ဆီမိုဗစ်က တဂိုးတည်းသာ ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။











