
ပြိုင်ပွဲစုံ ၆ ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့မနက် ကစားခဲ့တဲ့ ဥရောပချန်ပီယံလိဂ် ပွဲစဉ်မှာလည်း အီတလီကလပ် ကိုမိုအသင်းကို ၄ ဂိုး - ၁ ဂိုးနဲ့ ဂိုးပြတ် ထပ်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။
ဒီရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်အပေါ် ဖိအားတွေ ပိုပြီး ကြီးမားလာနေပါတယ်။
မန်ယူအသင်းဟာ ပွဲစပြီး ၂ မိနစ် မပြည့်မီမှာပဲ နီကိုပက်ဇ်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပြီး ကိုမိုအတွက် ပက်ဇ်က ၂ ဂိုး သွင်းယူကာ ဒူးဗီးကပ်စ်နဲ့ ရာမွန် တို့က ကျန်ဂိုးတွေ ထပ်မံ သွင်းယူခဲ့ကြတာပါ။
မန်ယူအသင်းအတွက် တလုံးတည်းသော ချေပဂိုးကို လူစားဝင် ကစားသမား ဇာ့ခ်ဇီးက ပွဲသိမ်းခါနီးမှ သွင်းယူပေးခဲ့တာဖြစ်ပြီး နည်းပြ ကာရစ်ကတော့ ပွဲအပြီးမှာ ပရိသတ်တွေကို တောင်းပန်ခဲ့ရတယ်လို့ BBC အားကစားသတင်းမှာ ဖော်ပြပါတယ်။











