DVB Logo
Home
မြန်မာသတင်း
MNDAA လိုင်စင်မလုပ်ထားသည့်ကားများကို သိန္နီတွင် တင်းတင်းကျပ်ကျပ် စစ်ဆေး
DVB
·
August 3, 2025
MNDAA လိုင်စင်မလုပ်ထားသည့်ကားများကို သိန္နီတွင် တင်းတင်းကျပ်ကျပ် စစ်ဆေး
Donate to DVB

MNDAA လိုင်စင်မလုပ်ထားတဲ့ကားတွေ သိန္နီမှာ ဖြတ်သန်းသွားလာတာကို တင်းကျပ်ထားတယ်လို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “သိန္နီမှာ MNDAA က ထုတ်ပေးတဲ့ လိုင်စင်စစ်တယ်။ မရှိရင် မဖြတ်ခိုင်းဘူး။ ကျနော်တို့ သိန္နီမြို့နယ်က ရွာခံတွေတောင် အဆင်မပြေဘူး။ မနည်းပြောယူရတယ်။ ဖြတ်သွားဖြတ်လာ မလွယ်ဘူး ဖြစ်နေတာ” လို့ ပြောပါတယ်။

အသွားအလာ လိုင်စင်စစ်ပြီး သူတို့ထုတ်ပေးတဲ့ ယာယီလိုင်စင်ကတ်ပြားမရှိရင် ကျပ် ၈၀,၀၀၀ ပေးပြီး ပြန်လုပ်ယူရတယ်လို့ သူက ပြောပါတယ်။

တခါတလေ အရေးပေါ်သွားရတဲ့ အခြေအနေမှာ ညမိုးချုပ်ခါနီး ပြန်လှည့်ခိုင်းတာမျိုးကျတော့ အဆင်မပြေဘူးလို့လည်း သူက ဆိုပါတယ်။

သိန္နီမှာ MNDAA က ထုတ်ပေးတဲ့ ယာယီလိုင်စင်အစိမ်းကတ် မရှိတဲ့သူတွေကို ပြန်လှည့်ခိုင်းတာမျိုးတွေ့ရတယ်လို့ လိုင်းကားယာဉ်မောင်းတယောက်က ပြောပါတယ်။

ဒေသခံ နောက်တယောက်က “သိန္နီမှာ ကိုးကန့်လိုင်စင်မရှိတဲ့ ကားတွေကို ဖမ်းပြီး ဒဏ်ရိုက်တဲ့သဘော။ သူတို့ရဲ့ ကတ်ပြား မလုပ် မနေရ လုပ်ခိုင်းတယ်။ လာလုပ်ခိုင်းရင်လည်း မဖမ်းခံရခင် သွားလုပ်ရင် ကုန်ကျသက်သာတယ်။ အခု ဖမ်းပြီး လာလုပ်ခိုင်းရင်တော့ ဒဏ်ရိုက်ပြီလေ။ ကားပေါ်မူတည်ပြီး ရှစ်သောင်း၊ တသိန်း၊ တသိန်းခွဲ အဲလို ပေးရတယ်” လို့ ပြောပါတယ်။

ကားတွေကို MNDAA က ထုတ်ပေးတဲ့ ယာယီလိုင်စင်လုပ်ခိုင်းတာရှိပြီး ၆ လ သက်တမ်းရှိကတ်ကို ကားပေါ်မူတည်ပြီး ကျပ် ၇၀,၀၀၀ နဲ့ အထက်ပေးရသလို ၆ လ ကုန်လို့ သက်တမ်းတိုးရင်လည်း အဲဒီလိုပဲ ပေးရတယ်လို့ သူက ရှင်းပြပါတယ်။

“ကား လိုင်စင်လုပ်ရင် တရုတ်ငွေနဲ့။ ယာယီကတ်ပြားလုပ်ရင် ဗမာငွေနဲ့။ ကားမှာ နံပါတ်ပြားတော့ မတပ်ပေးဘူး။ စက္ကူကတ်ပြားမှာ ကားနံပါတ်ပဲ ရေးပေးတယ်။ အဲဒါမပါလို့ စစ်ဆေးမိရင် ရုံးပြန်သွားခိုင်းတယ်။ ကတ်ပြားလုပ်ဖို့ပေါ့”

ယာယီ လိုင်စင်ကို ကွတ်ခိုင်နဲ့ သိန္နီမှာ လုပ်လို့ရပြီး အရင်ကတော့ လားရှိုးမှာလည်း လုပ်လို့ရခဲ့တယ်လို့ သိရပါတယ်။

MNDAA ရဲ့ လိုင်စင်ကိုတော့ တခြားနေရာ လုပ်လို့မရဘဲ ချင်းရွှေဟော်မှာပဲ သွားလုပ်ရပြီး ကားအပေါ် မူတည်ပြီး ကုန်ကျစရိတ် မတူသလို တရုတ်ငွေ အနည်းဆုံး ၁,၀၀၀ ယွမ် (လက်ရှိပေါက်ဈေးအရ ကျပ် ၆၀၀,၀၀၀ ကျော်) နဲ့ အထက် ကုန်ကျတယ်လို့ သိရပါတယ်။

အထူးဒေသ ၁ အတွင်း မောင်းနှင်တဲ့ မော်တော်ယာဉ်အားလုံးကို အထူးဒေသ မော်တော်ယာဉ်နံပါတ်ပြား၊ ယာဉ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင် လျှောက်ထားရမယ်လို့ MNDAA ဘက်က အသိပေးထုတ်ပြန်ထားတာ ရှိပါတယ်။

သတ်မှတ်ကာလအတွင်း မလျှောက်ထားဘဲ နံပါတ်မပါ၊ လိုင်စင်မရှိ မောင်းနှင်တာကို အထူးဒေသရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့က အရေးယူပြီး ဒဏ်ငွေချမှတ်တာ၊ ယာဉ်ကို ယာယီသိမ်းဆည်းတာ ဒါမှမဟုတ် ပညာပေး၊ ပြစ်ဒဏ်တွေချမှတ်မယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013