DVB Logo
Home
မြန်မာသတင်း
သိန္နီတွင် MNDAA ယမ်းသိုလှောင်ရုံ ပေါက်ကွဲပြီး လူ ထိခိုက် သေဆုံးမှုရှိ
DVB
·
September 8, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ရာ သိန္နီမြို့နယ်၊ ဟွေတောင်ကျေးရွာအုပ်စု၊ မန်မိုင်ရွာ အထက်ကုန်းပေါ်မှာ စက်တင်ဘာ ၈ ရက် ဒီမနက် ၆ နာရီလောက်က MNDAA ရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲပြီး လူထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သိန္နီ ဒေသခံတယောက်က “အသံအကျယ်ကြီး ပေါက်ကွဲတယ်။ မနက် ‌၆ နာရီလောက်။ အတိအကျ မသိသေးဘူး။ အထိအခိုက်ရှိတယ်၊ များတယ်၊ လူသေတယ်။ သူတို့ရဲ့ ရုံးဝင်းထဲမှာ။ သိန္နီ ဆေးရုံအပြည့်ပဲ” လို့ ပြောပါတယ်။

ဒေသခံ အမျိုးသားတယောက်ကလည်း “ဟုတ်တယ်။ MNDAA တွေရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲတာ။ အရင်တလောက နမ့်ခမ်းလိုမျိုးပဲ။ စက်တင်ဘာလ ၈ ရက်နေ့၊ မနက် ၅ နာရီ ၂၆ မိနစ်ခန့်က မန်မိုင်ရွာအထက်က ကုန်းပေါ်မှာ MNDAA တွေ ယမ်းချက်ရုံမှာ ပေါက်ကွဲတာ။ နမ့်ခမ်းကလိုပဲ” လို့ ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် တရုတ်လုပ်ငန်းရှင် သူဌေး ၂ ယောက်၊ အလုပ်သမား ၅ ယောက်နဲ့ MNDAA စစ်သား ၈ ယောက်၊ စုစုပေါင်း ၁၅ ယောက် ထိခိုက်သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရသူ ၃ ယောက်ကတော့ သိန္နီဆေးရုံမှာ ဆေးကုသနေတယ်လို့ ကနဦးသိရှိရကြောင်းလည်း သူက ပြောပါတယ်။

ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို DVB အတည်မပြုနိုင်သေးဘဲ MNDAA ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA ထိန်းချုပ်ရာ နမ့်ခမ်းမြို့၊ ကောင်းတပ်ရွာမှာ ယမ်းသိုလှောင်ရုံပေါက်ကွဲတာကြောင့် လူ ၅၀ ‌ကျော် သေဆုံးပြီး ၁၅၀ လောက်  ထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013